မိတ္ထီလာမြို့နယ်တွင် ရက်ကန်းပညာကျွမ်းကျင်သည့် မျိုးဆက်သစ်များ ပေါ်ထွန်းလာစေရန် လက်ရက်ကန်း (ခြောက်လ)သင်တန်း အခမဲ့ဖွင့်လှစ်သင်ကြားပေး
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းမှ ရက်ကန်းပညာကျွမ်းကျင်သည့် မျိုးဆက်သစ်များ ပေါ်ထွန်းလာစေရန် လက်ရက်ကန်း(ခြောက်လ)သင်တန်းကို အခမဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း ကျောင်းအုပ်ကြီး ဦးသာဝထံမှ သိရသည်။