ရွှေဘို ဇူလိုင် ၇
ရွှေဘိုတက္ကသိုလ်၌ ၂ဝ၂၂-၂ဝ၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား/သမီး ဖူဆယ်ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေ ၃နာရီ အချိန်က အဆိုပါတက္ကသိုလ်ရှိ အားကစားကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ကျောင်းသား မောင်မယ်လူငယ်များအနေဖြင့် ကျောင်းနေပျော်၍ စာတော်သောလူငယ်လေးများဖြစ်အောင် ပညာရေးသာမက ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ပြီး ပူးပေါင်းပါဝင်သည့် အလေ့အထကောင်းရရှိစေရန်၊ အားကစားလှုပ်ရှားခြင်းဖြင့် ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်မှုအပြင် စိတ်ဓာတ်ပိုင်းဆိုင်ရာများလည်း ခိုင်မာလာစေရန်၊ ဉာဏ်ပညာ ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်လူငယ် အားကစားသမားများ ပေါ်ထွက်စေရန် ရည်ရွယ်၍ အားကစားပြိုင်ပွဲများကို စဉ်ဆက်မပြတ် ကျင်းပပေးလျက်ရှိကြောင်း သိရသည်။
ပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိရဆု အကောင်းဆုံး အားကစားသမားဆု၊ ဂိုးသွင်းအများဆုံးဆု၊ အသင်းနည်းပြများ ဂုဏ်ပြုလက်ဆောင် ရရှိကြသည်။ အမျိုးသား၊အမျိုးသမီးအသင်းများ၊ ကျောင်းဆရာအသင်းနှင့် ဝန်ထမ်းအသင်းတို့အား ပါမောက္ခချုပ်ဒေါက်တာမျိုးမျိုး၊ ဒုပါမောက္ခချုပ်ဒေါက်တာတင်တင်ရီ၊ ဌာနမှူး(ပါမောက္ခ)များ၊ သင်ကြားရေး ဆရာ/ဆရာမများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဒေါ်နိုင်နိုင်ဝင်းတို့က ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)