မြောင်းမြမြို့တွင် (GIS)နည်းပညာဖြင့် ရပ်ကွက်/ကျေးရွာ တည်နေရာပြ (Point) စတင်ကောက်ယူခြင်းနှင့် အိမ်ထောင်စုဦးရေ တိုက်ဆိုင်စစ်ဆေးခြင်းများ ကွင်းဆင်းဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီး မှူးရုံး ဝန်ထမ်းများက မြို့နယ်အတွင်း ရှိ ရပ်ကွက်/ကျေးရွာအုပ်စုများသို့ ယမန်နေ့ နံနက်ပိုင်းတွင် (GIS)နည်းပညာဖြင့် တည်နေရာ (Point) စတင်ကောက်ယူခြင်းနှင့် အိမ်ထောင်စုဦးရေ တိုက်ဆိုင်စစ်ဆေးခြင်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။