ကဝမြို့နယ်တွင် မိုးစပါးစိုက်တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ချေး

ကဝ ဇူလိုင် ၇

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတွင် ၂၀၂၂ ခုနှစ်၊   မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများအား ငါးထပ်ကြီးဘုရားရင်ပြင်တော်တွင် ယနေ့နံနက်(၉)နာရီက ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

ရှေးဦးစွာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၊ မြို့နယ်မန်နေဂျာ ဒေါ်အေးသိန်းက ချေးငွေများကို လယ်ယာလုပ်ငန်းတွင် အကျိုးရှိစွာအသုံးပြုရန် ချေးငွေစည်းကမ်းချက်များနှင့် ချေးငွေမူစနစ်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် စိုက်ပျိုးစရိတ်ချေးငွေများအား နဘဲပင်၊ ခမေကြီး၊ ထဲနန်၊ ကဝ-၁နှင့် အောင်မြေကျေးရွာရှိ မိုးစပါးစိုက်တောင်သူ(၈၆)ဦး၏ လယ်ယာမြေဧက(၆၀၆)ဧကအတွက် တစ်ဧကလျှင်(၁၅၀,၀၀၀)နှုန်းဖြင့် စုစုပေါင်းငွေကျပ်(၉၀၉)သိန်းအား ထုတ်ချေးခဲ့ပြီးဖြစ်ကြောင်းနှင့် ယနေ့အထိ တောင်သူ(၂,၂၂၅)ဦး၏ လယ်ယာမြေဧက(၁၅,၁၁၁)အတွက် ချေးငွေစုစုပေါင်းငွေကျပ်(၂,၂၆၆,၆၅၀,၀၀၀)အား ထုတ်ချေးပြီးဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲရုံးမှ သိရသည်။

သန်းသန်းဝင်း (ပြန်/ဆက်)