ဒေးဒရဲ ဇူလိုင် ၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ၊ ခြင်ဆေးဖျန်းခြင်း လုပ်ငန်းများအား ယနေ့ နံနက်ပိုင်းက ဆူးကလပ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် ဆူးကလပ်ကျေးရွာ ကျန်းမာရေးမှူး ဒေါ်သိင်္ဂီမျိုးက ကျောင်းနေ အရွယ်ကလေးများ သွေးလွန်တုန်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ခြင်ပေါက်ပွားမှု မရှိစေရေး လိုက်နာ ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် သတိပြုရှောင်ကြဉ်ရမည့် အချက်များ အား အသိပညာပေး ဟောပြောခဲ့ပြီး သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်း များအဖြစ် စာသင်ခန်းများ၊ စာသင်ကျောင်းအတွင်းရှိ ရေလှောင်ကန်များနှင့် ရေအိုးများအား အဘိတ်ဆေးခတ်ပေးခြင်း၊ ခြင်ခိုအောင်းနိုင်သည့် နေရာများအား ရှင်းလင်းခြင်း၊ စာသင်ခန်း များနှင့် ကျောင်းဝန်းအတွင်း ခြင်ခိုအောင်းမှုမရှိစေရန် ရေလှောင်ကန်များ၊ ရေပုံးများ၊ ရေမြောင်းများ၊ မိုးရေဝင်နိုင်သည့် အိုးခြမ်းပဲ့၊ တာယာကွင်း၊ ဘုရားပန်းအိုး စသည့် ခြင်ပေါက်ဖွားနိုင်သည့် နေရာများကို ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း၊ ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရွှေဒေးသူ