အောင်လံ ဇူလိုင် ၈
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၌ မဲစာရင်းများမှန်ကန်စေရေးအတွက် မြေပြင်လူဦးရေစာရင်း ကောက်ယူခြင်းနှင့် ကျေးရွာအုပ်စု/ကျေးရွာ တည်နေရာပြ မြေပုံများအား GIS နည်းပညာဖြင့် Point ထောက်ယူခြင်းလုပ်ငန်းများကို ယမန်နေ့နံနက် ၉ နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစိုးနိုင်နှင့်အဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများမှ၊ မြို့ပေါ်ရပ်ကွက် (၉)ရပ်ကွက်နှင့် ပိတောက်ကုန်းကျေးရွာအုပ်စု၊ သံရွာကျေးရွာအုပ်စု၊ အင်းကုန်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများအား အဆိုပါလုပ်ငန်းများ ဆောင်ရွက်ပြီး ထပ်မံကျန်ရှိသော ကျေးရွာများအား သတ်မှတ်ရက်များအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးသိန်း(ပြန်/ဆက်)