တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန( Community Centre )ခန်းမ၌ ကြက်ခြေနီအကြောင်း သိကောင်းစရာ ဆွေးနွေးပွဲ(Talk Show) ကျင်းပ

တောင်သာ ဇူလိုင် ၈

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်(၁၀)နာရီအချိန်က ကြက်ခြေနီအကြောင်း သိကောင်းစရာဆွေးနွေးပွဲ(Talk Show) ကျင်းပပြုလုပ်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။                                                  

အဆိုပါ ကြက်ခြေနီအကြောင်း သိကောင်းစရာဆွေးနွေးပွဲ (Talk Show) ကျင်းပပြုလုပ်အား ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်ကေခိုင်မှ ကြက်ခြေနီအကြောင်းနှင့် ပတ်သတ်၍ ပြည်သူများ သိသင့်သိထိုက်သည်များကို ဆွေးနွေးမေးမြန်းပြီး ကြက်ခြေနီတပ်ဖွဲ့မှူး ဦးငွေက ကြက်ခြေနီအကြောင်းနှင့်ပတ်သက်၍ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။ ယင်းဆွေးနွေးပွဲတွင် ကြက်ခြေနီတပ်ဖွဲ့မှူးဦးငွေက ဆွေးနွေးပြောကြားရာတွင် ကြက်ခြေနီစတင်ဖြစ်ပေါ်လာပုံ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ဆောင်ရွက်မှု အခြေအနေ၊ ကြက်ခြေနီအဓိပ္ပာယ်၊ တောင်သာမြို့နယ် ကြက်ခြေနီတပ်ဖွဲ့၏ ဖွဲ့စည်းထားမှုအခြေအနေများအား ရှင်းလင်းပြောကြားခြင်း၊  ကြက်ခြေနီတပ်ဖွဲ့ဝင်ရဲ့ မူအရ ကြက်ခြေနီရှေးဦးပြုစုနည်းပညာရပ်ဟာ တစ်အိမ်ထောင်လျှင် အနည်းဆုံး တစ်ဦးတတ်ထားသင့်ပါကြောင်း ပြောကြားခြင်း၊ ယခုလက်ရှိတွင် တောင်သာမြို့နယ်ကြက်ခြေနီတပ်ဖွဲ့အနေဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ ပထမလှိုင်းကစပြီး မြို့နယ်အုပ်ချုပ်ရေး၊ မြို့နယ်ကျန်းမာရေးတို့နှင့်ပူးပေါင်း၍ ယခုအချိန်ထိ ကိုဗစ်ကာကွယ်ဆေးထိုး လုပ်ငန်း တွေမှာ ပူးပေါင်း ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း စသည်ဖြင့်  ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)