ဟိုပင် ဇူလိုင် ၈
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center) ခန်းမ၌ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြိုအဖြစ် အသိပညာပေးဟောပြောပွဲ၊ စာဖတ် စွမ်းရည်ပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲ ကျင်းပခြင်းကို ယမန်နေ့ မွန်းလွဲ (၁)နာရီက ပြုလုပ်ကျင်းပခဲ့သည်။
အဆိုပါ ပြိုင်ပွဲများကို ပြည်သူ့စာကြည့်တိုက်သို့ လာရောက်စာပေလေ့လာဖတ်ရှုကြသော ကျောင်းသား၊ ကျောင်းသူ (၁၅)ဦးတို့က စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲများတွင် ယှဉ်ပြိုင်ခဲ့ကြပြီး တက်ရောက်လာ ကြသော ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်လင်းသွယ်သွယ်ဦးက အာဇာနည်နေ့တို့မမေ့ ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
လင်းသွယ်သွယ်ဦး (ပြန်/ဆက်)