ချောက်မြို့နယ်တွင် (GIS)နည်းပညာဖြင့် ရပ်ကွက်/ကျေးရွာ တည်နေရာပြ (Point) ကောက်ယူခြင်းများ ကွင်းဆင်းဆောင်ရွက်

ချောက် ဇူလိုင် ၈

မ​ကွေးတိုင်းဒေသကြီး၊ ​ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက ယမန်နေ့ နံနက်ပိုင်းတွင် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများကို (GIS) နည်းပညာဖြင့် တည်နေရာပြ (Point) ကောက်ယူခြင်းများ ကွင်းဆင်ဆောင်ရွက်ခဲ့​ကြသည်။

အဆိုပါ လုပ်ငန်းများကို ချောက်မြို့နယ်အတွင်း ဇူလိုင် ၃ ရက်​နေ့ကစတင်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယမန်နေ့က ​မြို့နယ်ဦးစီးမှူး ဦး​အောင်​ဇော်တင့် ဦး​ဆောင်သည့် ဝန်ထမ်းများသည် ရသစ်၊​ ချောင်းတက်၊ ပြည့်ပင်ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ချောက်မြို့နယ်တွင် မြို့ပေါ် (၂၀) ရပ်ကွက်၊ ကျေးရွာ​အုပ်စု (၅၁) အုပ်စု၊​ ကျေးရွာ​ပေါင်း (၂၂၆) ရွာရှိရာ မြို့နယ်အတွင်း စလေမြို့ပေါ်အပါ ရပ်ကွက်အားလုံး​တွင် Geographical Information System (GIS)စနစ်ဖြင့် တည်နေရာပြ (Point) ကောက်ယူခြင်းများ ဆောင်ရွက်​ပြီး​​ဖြစ်​​ပြီး ကျန်ရှိသည့် ကျေးရွာများကိုလည်း ကွင်းဆင်း၍ ဆက်လက်ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)