လဲချားမြို့နယ် (Community Centre)တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲကျင်းပ

လဲချား ဇူလိုင်

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) ခန်းမတွင် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အကြိုဟောပြောပွဲကို ယနေ့နံနက် ()နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ (၇၅) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းမြင့်မြင့်ဆွေမှ ၂၀၂၂ခုနှစ်၊ ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို ကျောင်းသား/ကျောင်းသူများအား နေ့ထူးနေ့မြတ်ရက်များကို သိရှိစေရန်နှင့် တန်ဖိုးထားတတ်စေရန်ပြောကြားခဲ့ပြီး  အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့်  အာဇာနည်ကိုးဦး၏ အတ္ထုပ္ပတ္တိအကြောင်းအရာများကို  ကျောင်းသား/သူများအား အသိပညာဗဟုသုတရရှိစေရန် ဟောပြောပွဲကျင်းပခဲ့ပြီး  အခမ်းအနားသို့ ကျောင်းသား/သူ (၂၅)ဦး ခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။

(လဲချား၊မြို့နယ်/ပြန်ဆက်)