(၇၅)နှစ်မြောက် အာဇာနည်‌နေ့ အထိမ်းအမှတ်အကြို အလယ်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

ရမည်းသင်း ဇူလိုင် ၈

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၅) မြို့မအခြေခံပညာအထက်တန်းကျောင်း တို့ ပူးပေါင်း၍ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်အမှတ်အကြို အလယ်တန်းဆင့်ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီ အချိန်က ရမည်းသင်းခရိုင်လူထုအခြပြုဗဟိုဌာန (Community  Centre )ခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

ရှေးဦးစွာ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဖုန်းနိုင်က ပြိုင်ပွဲကျင်းပရခြင်းရည်ရွယ်ချက်နှင့် ပြိုင်ပွဲ အမှတ်ပေးစည်းကမ်းချက်တို့ကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို အလယ်တန်းအဆင့် ကျပန်းစကားပြောပြိုင်တွင် အမှတ်(၅) မြို့မအခြေခံ ပညာအထက်တန်းကျောင်း(၁၅)ဦးတို့ ယှဉ်ပြိုင်ကြရာတွင် "အာဇာနည်နေ့ဒို့မမေ့"‌ခေါင်းစဉ်ဖြင့် ယှဉ်ပြိုင်ကြရာ တာဝန်ရှိသူများက အမှတ်ပေး စည်းမျဉ်းနှင့်အညီ အကဲဖြတ်အမှတ်ပေးခဲ့ကြကြောင်း သတင်းရသည်။

ဇော်ဝင်းအောင်(ပြန်/ဆက်)