ရေကျော်ကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံ

လှည်းကူး ဇူလိုင် ၈

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် ကျောင်းနေအရွယ်ကလေးတိုင်းပညာရေးကို သင်ယူခွင့်ရရှိနိုင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါမှကင်းဝေးပြီး ကျန်းမာပျော်ရွှင်စွာပညာသင်ယူနိုင်ရေးအတွက် အသက်(၅)နှစ်မှ(၁၂)နှစ်ထိ အခြေခံပညာကျောင်းသား/သူများအား ကျောင်းအခြေပြုကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီတွင် ရေကျော်ကျေးရွာရှိအခြေခံပညာမူလတန်းကျောင်းတွင် အသက်(၅)နှစ်မှ(၁၂)နှစ်အထိ ပထမအကြိမ်ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးသူများအား ဒုတိယအကြိမ်ထိုးနှံပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းတွင် ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ/မများ၊ ကျောင်းသားမိဘများပူးပေါင်း၍ ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ကျောင်းသား/သူများအား ကာကွယ်ဆေးမထိုးနှံမီ ကျန်းမာရေးစစ်ဆေးခြင်းဆိုင်ရာအချက်များကို မေးမြန်းခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ စိုးရိမ်ရသည့် ရောဂါလက္ခဏာရှိ/မရှိမေးမြန်းပြီးမှသာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sonopharm ကို ‌ထိုးနှံပေးခဲ့ကြောင်း သတ်မှတ်ထားသည့်ရက်များအတိုင်း ကျန်ရှိသည့်ကာကွယ်ဆေးထိုးစုရပ်များသို့ သွားရောက်ပြီး ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရှိရသည်။

အေးအေးနွဲ့ (ပြန်/ဆက်)