ဖြူးမြို့နယ်၌ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့်၊ စာစီစာကုံး ပြိုင်ပွဲ ကျင်းပ

ဖြူး ဇူလိုင် ၈

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် မြို့နယ်အဆင့် ဟောပြောပွဲနှင့်၊ စာစီစာကုံးပြိုင်ပွဲကို အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း၌ ယနေ့ နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့‌ကြောင်း  သိရသည်။

ရှေးဦးစွာ အာဇာနည်နေ့ ဖြစ်ပေါ်လာပုံအကြောင်းကို ဆရာ/ဆရာမက ဟောပြောရာ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းမှ အထက်တန်း အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၂၉)ဦး တက်ရောက်ကြကြောင်း သိရသည်။

ဆက်လက်၍  စာစီစာကုံးပြိုင်ပွဲကို ကျင်းပရာ အာဇာနည်နေ့ ဒို့မမေ့ခေါင်းစဉ်ဖြင့် အထက်တန်း အဆင့်(၂၀)ဦးနှင့်    အလယ်တန်းအဆင့်(၃၀)ဦး  ဝင်ရောက်ယှဉ်ပြိုင်ကြရာ အထက်တန်းအဆင့်တွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုကို လည်းကောင်း၊ အလယ်တန်းအဆင့်တွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုကို လည်းကောင်းရွေးချယ်ကာ ဆုရ ကျောင်းသား၊ ကျောင်းသူများအား မိဘဆရာအသင်း ကျောင်းနှစ်ပတ်လည်နေ့ အခမ်းအနားတွင် ဆုများချီးမြှင့် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)