တိုက်ကြီးမြို့နယ်တွင် အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်

တိုက်ကြီး ဇူလိုင် ၈

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပထမ (၃) လပတ်အတွက် အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများက  ပေးအပ်ခဲ့သည်။

ထိုသို့ပေးအပ်ရာတွင်  တိုက်ကြီးမြို့နယ် ဘူတာရပ်ကွက်အတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွား (၁၆) ဦးအတွက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ပေးအပ်သော လူမှုရေးပင်စင်ထောက်ပံ့ငွေ ဘိုးဘွားတစ်ဉီးလျှင် ၃၀၀၀၀ ကျပ်အား သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က ဘိုးဘွားများလက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

စန်းကလျာခိုင်