ဇမ္ဗူသီရိမြို့နယ်၌ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး Talk Show ကျင်းပ

ဇမ္ဗူသီရိ ဇူလိုင် ၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက် (၁၀) နာရီက မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး Talk Show ကျင်းပခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နီလာစိုးက မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး ဆိုင်ရာ အသိပညာပေး Talk Show  ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းဆွေးနွေးပြီး တရားလွှတ်တော်ရှေ့နေ ဒေါ်ဝင့်ဝင့်အေးက မူးယစ်ဆေးဝါး၏ အဓိပ္ပာယ်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသည့် ဆေးဝါးများအကြောင်း၊ မူးယစ်ဆေးဝါးဥပဒေဆိုင်ရာ သိကောင်းစရာများ စသည့်အကြောင်းအရာများအား ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန် အကျယ်တဝင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဇမ္ဗူသီရိမြို့နယ်ရုံးအနေဖြင့် အသိပညာပေး Talk Show များ၊ ဟောပြောပွဲများ၊ စာအုပ်မိတ်ဆက်၊ ပုံပြင်၊ ကဗျာရွတ်၊ အရုပ်ခေါက်ခြင်း၊ အားကစား လှုပ်ရှားမှုများ စသည့်အကြောင်းအရာများကို ပြည်သူများ အသိပညာ၊ ဗဟုသုတ ရရှိစေရန်အတွက် Online မှတစ်ဆင့် စဉ်ဆက်မပြတ် တင်ဆက်ပေးလျက်ရှိရာ ယခု TalK Show အပြည့်အစုံကိုလည်း We Love Zabuthiri Facebook Page တွင် တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)