ရွှေဘိုတက္ကသိုလ်တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို စာစီစာကုံး၊ ကဗျာပြိုင်ပွဲ၊ ​ဟော​ပြောပွဲနှင့် ဆု​ပေးပွဲကျင်းပ

၂၀၂၂ ခုနှစ် ဇူလိုင်လ(၁၉)ရက်နေ့တွင် ရောက်ရှိမည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို စာစီစာကုံး၊ ကဗျာပြိုင်ပွဲ၊​ ဟော​ပြောပွဲနှင့် ဆု​ပေးပွဲအခန်းအနားကို ယနေ့ နံနက်၁၀နာရီက ရွှေဘိုတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌  ကျင်းပခဲ့​ကြောင်း သိရသည်။

ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာနတွင် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အကြို ဟောပြောပွဲ၊ စာအုပ်စာစောင်ပြ၊  နံရံကပ်စာစောင်နှင့်ဓာတ်ပုံပြပွဲများကျင်းပ

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် ရောက်ရှိမည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲ၊နံရံကပ်စာ‌စောင်နှင့်ဓာတ်ပုံပြပွဲများကို တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ယနေ့နံနက် ၁၁နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြေလှပစေရေး စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြီးမှုး၍ ခရမ်းမြို့အထက (ကွမ်းမိုးဒိမ်း) ကျောင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြေ၍၊ သာယာလှပစေရေးအတွက် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၈ နာရီက အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်အတွင်းရှိ ကျေးရွာများအရောက် အသိပညာပေး ဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းက ဦးဆောင်၍ ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်မှုဖြင့် ကျေးရွာအုပ်စုများသို့ သွားရောက်၍ အသိပညာဟောပြောပွဲများ ကျင်းပပြုလုပ်ခြင်းကို ယနေ့နံနက်(၁၁)နာရီက လေးအိမ်တန်း ကျေးရွာအုပ်စု၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းခုတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲနှင့် ဝန်ထမ်းအိမ်ယာသစ်တက်မင်္ဂလာအခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့ နံနက် ၉ နာရီခွဲက ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲနှင့် ဝန်ထမ်းအိမ်ယာသစ်တက်မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

မြန်အောင်ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးနှင့် ကြံခင်းမြို့နယ် ဌာနဆိုင်ရာများ တွေ့ဆုံပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးလှိုင်နှင့် ကြံခင်းမြို့နယ် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စာရေးများနှင့် ရပ်မိ/ရပ်ဖများ တွေ့ဆုံ ပွဲအခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီက ကြံခင်းမြို့ ဧရာဦးခန်းမတွင် ကျင်းပပြုလုပ်သည်။

မြန်အောင်တွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုကျနိုင်ခြေရှိ၍ ပြောင်းရွှေ့ရသော အိမ်ထောင်စုများအား ထောက်ပံ့

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ အမှတ်(၁)ရပ်ကွက် မကျီးစုတာကြီးတန်း၌ ဧရာဝတီ မြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုကျ နိုင်ခြေရှိ၍ ပြောင်းရွှေ့ရသော အိမ်ထောင်စုများအား ယနေ့ နံနက်ပိုင်း၌ ထောက်ပံ့ငွေများ သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

ရွှေပြည်သာမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ကွင်းဆင်းဆောင်ရွက်

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် လူဝင်မှုကြီးကြပ်‌ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ရပ်ကွက်/ကျေးရွာများသို့ ကွင်းဆင်း၍ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းများနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိ ယနေ့ နံနက် (၉) နာရီအချိန်တွင် အမှတ် (၁၆) ရပ်ကွက်ရှိ အသက်(၁၈)နှစ်ပြည့်၊ အသက် (၁၀) နှစ်ပြည့် ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ရန်ကျန်ရှိသူများကို ရွှေပြည်သာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသက်ဆွေဦးနှင့် ဝန်ထမ်းများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လင်းခေးမြို့နယ်အဆင့် အခြေခံပညာအထက်တန်းကျောင်းတွင် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့်ဆောင်းပါးပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးမြို့နယ်အဆင့် (၇၅)နှစ်မြောက် အာဇာနည်နေ့  အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲကို  ယမန်နေ့ နေ့လည် ၁ နာရီ က အခြေခံပညာ အထက်တန်းကျောင်းရှိခန်းမတွင်
Subscribe to