မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် တိုင်းရင်းကြက်မွေးမြူရေးခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ဆောင်ရွက်

မန်တုံ ဇူလိုင် ၈

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်း၍ တိုင်းရင်းကြက်မွေးမြူရေးခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  လူထုအခြေပြုဗဟိုဌာန (CommunityCentre) ခန်းမ၌ ယနေ့နံနက်(၉)နာရီခွဲအချိန်က ဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ယုယုအောင်က ပြည်သူများအနေဖြင့် တိုင်းရင်းကြက်မွေးမြူပါက စနစ်တကျမွေးမြူနိုင်ရန်၊ တိုင်းရင်းကြက်မွေးမြူရေးနှင့် ပတ်သက်သော အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်ချက်ဖြင့် အသိပညာပေး TalkShow ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ဦးစွာရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မန်တုံမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါက်တာ ပြည့်ဖြိုးအောင်က ထင်ရှားသောတိုင်းရင်းကြက်များအကြောင်း၊ တိုင်းရင်းကြက်လက္ခဏာကောင်းများ၊ တိုင်းရင်းကြက်မွေးမြူရေး  ပိုမိုတိုးတက်အောင်မြင်စေရန် မွေးမြူရေးစနစ်များ၊ ကြက်ဝမ်းကျရောဂါ၊ တောင်ပံခြစ်ရောဂါ၊ ကျောက်ရောဂါကာကွယ်ဆေးထိုးရန် ကာလသတ်မှတ်ထားရှိမှု အစရှိသည်များကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

မန်တုံ(ပြန်/ဆက်)