ကော့ကရိတ်မြို့၌ အာဇာနည်နေ့အကြို အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲကျင်းပ

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အခြေခံပညာကျောင်းများသို့ (၇၅)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၀)နာရီအချိန်က အ.ထ.က. ဝင်းကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မင်းပြားမြို့၌ ငါးလုပ်ငန်းဦးစီးဌာနက ဒေသခံတိုင်းရင်းသားများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်ရန် ရေချိုငါးသားပေါက်စခန်း ဖွင့်လှစ်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ် ငါးလုပ်ငန်း​ဦးစီးဌာနက ငါးမျိုးစိတ် စဉ်ဆက် ပပြတ်အောင် မြန်စွာ ဖွံ့ဖြိုးလာစေရန်၊ ရေချိုငါးသားပေါက်စခန်းကို ယမန်နေ့က ဖွင့်လှစ်ခဲ့သည်။

ကမမောင်းမြို့တွင် တစ်နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ဆက်လက်ထိုးနှံ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၌ တစ်နှစ်ခွဲအောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် (၉) နာရီက ကျေးလက်ကျန်းမာရေးဦးစီးဌာနတွင် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ပခုက္ကူမြို့၊ လူထုအခြေပြုဗဟိုဌာန၌ စားသုံးသူရေးရာ အသိပညာပေးဟောပြော

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယနေ့နံနက် ၁၀နာရီအချိန်က စားသုံးသူရေးရာ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့သည်။

ရှင်ဗွေယန်မြို့၌ ၅ နှစ်မှ ၁၂ နှစ်အထိ​ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ကို ဒုတိယအကြိမ် ထိုးနှံ​ပေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့ အခြေခံပညာ အထက်တန်းကျောင်း၌ အသက် ၅ နှစ်မှ ၁၂ နှစ်အထိ ကျောင်းသား၊ ကျောင်းသူ များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ပင်လုံမြို့(Community Centre) ခန်းမ၌ စာဖတ်ဝိုင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ရုံး(Community Centre)ခန်းမ၌ စာရေးဆရာထိန်လင်း (BE.Mechanical)၏ ကမ္ဘာကြီးကိုပြုပြင်ပြောင်းလဲ​ကြသူများ၏ ဘဝပုံရိပ်များစာအုပ်ဖြင့်

ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာနတွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို အသိပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်(၇၅)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်အကြို အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယနေ့နံနက်   ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရေဖြူမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community centre)တွင် ‌ယနေ့ နံနက် ၉ နာရီက ရေဖြူမြို့နယ် ကြက်ခြေနီတပ်ဖွဲ့က ဦးဆောင်၍ အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးစာ အတွေ့အကြုံ ရှင်းလင်းခြင်းနှင့် မိုင်းအန္တရာယ်အသိပညာပေးဟောပြောပွဲ ပြုလုပ်ကြောင်းသိရသည်။
Subscribe to