သံတွဲမြို့၌ မော်ဒန်ကဗျာဆိုင်ရာ ရွတ်ဖတ်ဆွေးနွေးပွဲကျင်းပ

သံတွဲမြို့နယ် စာပေချစ်မြတ်နိုးသူများ (Book Club) အဖွဲ့မှ ဦးဆောင်ပြုလုပ်သည့် မော်ဒန် ကဗျာဆိုင်ရာ ရွတ်ဖတ်ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပပြုလုပ်ရာ (Book Club) အဖွဲ့ အတွင်းရေးမှူး -၂ ဆရာစစ်ငြိမ်က မော်ဒန်ကဗျာဆိုင်ရာ ရွတ်ဖတ်ဆွေးနွေးပွဲ ကျင်းပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။

ခိုလမ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် နံရံကပ်စာဆောင်ပြသ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ခိုလမ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် နံရံကပ်စာဆောင်ပြပွဲအခမ်းအနားကို ယနေ့နံနက် (၉:၃၀)နာရီ အချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကော့ကရိတ်မြို့၌ (၇၅) နှစ်​မြောက် အာဇာနည်​နေ့အထိမ်းအမှတ် အသိပညာပေး Talk Show ဆောင်ရွက်

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club အဖွဲ့ဝင်တို့ပူးပေါင်း၍ အာဇာနည်​​နေ့အထိမ်းအမှတ်အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်သည်။

ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများ ကြက်သွန်နီဈေးနှုန်း မြင့်တက်လာမှုကြောင့် အားထားစိုက်ပျိုးလုပ်ကိုင်လာ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ကြက်သွန်နီဈေးနှုန်းများ ပြန်လည်မြင့်တက်လာသည့်အတွက် အညာကျေးလက်ဒေသများရှိ ကြက်သွန်နီစိုက်ပျိုးကြသည့် ဒေသခံတောင်သူများက မဲဇလီရေလွှဲဆည်ရေနှင့် မြေအောက်ရေတို့ကို အကျိုးရှိစွာအသုံးချပြီး ကြက်သွန်နီစိုက်ပျိုးရေးလုပ်ငန်းကို ပြန်လည်အားထားစိုက်ပျိုး လုပ်ကိုင်နေကြကြောင်း ပွင့်ဖြူမြို့နယ် ဆည်တော်ကျေးရွာမှ ဒေသခံတောင်သူများထံမှ သိရသည်။

ကရသူရိမြို့တွင် Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ကွင်းဆင်းငှားရမ်းခြင်း ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့တွင်  ပြည်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ အားလပ်ချိန်အတွင်း စာအုပ်စာစောင်များဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများရရှိရေးအတွက် Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းခြင်းကို ယနေ့နံနက် ၁၀နာရီ က မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

သိန္နီမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူငယ်များ ကျန်းမာကြံ့ခိုင်စေရေး ကိုယ်လက်လှုပ်ရှား အားကစားအစီအစဉ် ရိုက်ကူးထုတ်လွှင့်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူငယ်များ ကျန်းမာကြံ့ခိုင်စေရန်နှင့် ဘက်စုံထူးချွန်စေရန် ရည်ရွယ်၍ ကိုယ်လက်လှုပ်ရှား အားကစားအစီအစဉ် ရိုက်ကူးထုတ်လွှင့်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ဆောင်ရွက်ခဲ့သည်။

ရန်ကင်းမြို့နယ်တွင် (၇၅)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ်အကြို အသိပညာပေး Talk Show ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌

ပုသိမ်ကြီးမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အာဇာနည်နေ့ အထိမ်းအမှတ် (အကြို) အသိပညာပေး Talk Show ဆောင်ရွက်

၂၀၂၂ ခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် (အကြို) အသိပညာပေး Talk Show ကို ယနေ့နံနက် (၉) နာရီက မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဝါဆိုလပြည့်နေ့ (ဓမ္မစကြာနေ့) အကြို အဖိတ်နေ့တွင် နမ္မတူမြို့နယ် မြို့မဈေးကြီး၌ ဈေးရောင်းသူ၊ ဝယ်သူများဖြင့် စည်ကား

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ဝါဆိုလပြည်နေ့ (ဓမ္မစကြာနေ့) အကြိုအဖိတ်နေ့ ယနေ့နံနက်ပိုင်းတွင် နမ္မတူမြို့နယ် မြို့မဈေးကြီး၌ ဈေးရောင်းသူဝယ်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ကျိုင်းတုံမြို့၌ တောင်တန်းသာ သနာပြုရဟန်းတော်များအား ဝါဆိုသင်္ကန်းနှင့် ဆန်၊ ဆီ၊ ဆား နှင့် စားသာကုန်များလှူဒါန်းခြင်း အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ တောင်တန်းသာသနာပြုထောက်ပံ့ရေးအသင်း၏ (ဆဋ္ဌမအကြိမ်)တောင်တန်းသာသနာပြု ရဟန်းတော်များအား ဝါဆိုသင်္ကန်းဆက်ကပ်ခြင်းနှင့် ဆန်၊ ဆီ၊ ဆားနှင့် စားသောက်ကုန်များ လှူဒါန်းခြင်းအခမ်းအနားကို ယမန်နေ့က ရပ်တော်မူထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်း၌ ကျင်းပခဲ့သည်။
Subscribe to