ကျောက်ဆည်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် စာသင်ကျောင်းဆောင်သစ်များ ဆောက်လုပ်ပေးသွားမည်
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့် သင်ကြား/ သင်ယူမှုများ အဆင်ပြေစေရေး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း၌ ကျောင်းဆောင်သစ်များ ဆောက်လုပ် ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။