လှည်းကူးမြို့နယ်တွင် အသက် (၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်‌ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို လက်ဝယ်အရောက် ပေးအပ် လျက်ရှိရာ ယနေ့နံနက်(၁၀)နာရီက လှည်းကူးမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအုပ်စု၌ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များကို ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများတို့က လက်ဝယ်အရောက် ကွင်းဆင်း၍ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ကရင်တိုင်းရင်းသားရေးရာ စာပေနှင့် ယဉ်ကျေးမှုအသင်ရုံး သစ်အား တက်‌ရောက်ဖွင့်လှစ်ပေးပြီး ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲအား ကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့ နံနက်ပိုင်းတွင် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ အိမ်မဲမြို့နယ်၊ အမှတ်(၈)လမ်း၊ ချောင်းဝ ရပ်ကွက်တွင် ပြုလုပ်သည့် အိမ်မဲမြို့နယ် ကရင်တိုင်းရင်းသား ရေးရာ စာပေနှင့် ယဉ်ကျေးမှုအသင်းရုံး (၁၈ပေ×၄၅ပေ) RC နှစ်ထပ် ဆိုင်းဘုတ်တင် ရုံးသစ်ဖွင့်ပွဲ အခမ်းအနားအား တက်ရောက်ခဲ့ပြီး တိုင်းဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများက အသင်းရုံးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူး ခဲ့ကြသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီး အသက် (၁၉) နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားဘောလုံး လက်ရွေးစင်အသင်း ခြေစွမ်းပွဲအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့ ညနေပိုင်းတွင် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် အတူ ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်းသို့ သွားရောက်၍ အာရှအဆင့်၊ အရှေ့တောင်အာရှ အဆင့်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် အားကစားပြိုင်ပွဲ များတွင် အသင်းလိုက် ဆုဖလားများ၊ တစ်ဦးချင်း ဆုတံဆိပ်များ ဆွတ်ခူးခဲ့ကြသည့် နိုင်ငံ့ဂုဏ်ဆောင်၊ တိုင်းဒေသကြီး ဂုဏ်ဆောင် အားကစားသမားများကို ဂုဏ်ပြုသည့်အနေဖြင့် အာကစားပြခန်း ဆောင်ရွက်ထား ရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လက်ရွေးစင် အားကစားသမားများ ကျန်ရှိမှုမရှိစေရေး၊ ခုနှစ်အလိုက် မှတ်တမ်းများ စနစ်ကျထားရှိရေး မှာလမ်းညွှန်မှာကြားခဲ့သည်။

ကြည့်မြင်တိုင်မြို့နယ်တွင် (၇၅) နှစ်မြောက် အာဇာနည်နေ့အကြို စာအုပ်ပြပွဲနှင့် ဉာဏ်စမ်းပ‌ဟေဠိပြိုင်ပွဲကျင်းပ

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၊ Community Centreခန်းမတွင် ယနေ့နံနက်(၉)နာရီက (၇၅)နှစ်မြောက်၊ အာဇာနည် နေ့ အထိမ်းအမှတ် အကြိုစာအုပ်ပြပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ကျင်းပခဲ့သည်။

ညောင်တုန်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါဖြင့် ဆေးကုသမှု ခံယူနေသူများအား တွေ့ဆုံအားပေး

ဧရာဝတီတိုင်းဒေသကြီး၊မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါဖြင့် ဆေးကုသမှုခံယူနေသူများအား ယမန်နေ့ နံနက် ၁၁ နာရီအချိန်ခန့်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ သွားရောက်တွေ့ဆုံ အားပေးစကားပြောကြားခဲ့သည်။

ပန်းတောင်းမြို့နယ်တွင် ကြခတ်ရပ်ကွက်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ကိုယ်အားကိုယ်ကိုး မူလတန်းကြိုကျောင်းတွင် ကလေးများဖွံ့ဖြိုးမှုဆိုင်ရာ အသိပညာပေးဟောပြော

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ကြခတ်ရပ်ကွက်ရှိ လူမှုဝန်ထမ်းဦးစီးဌာန၏တည်ထောင် ခွင့်ပြုမိန့်ရကိုယ်အားကိုယ်ကိုး မူလတန်းကြိုကျောင်းတွင် ကလေးများဖွံ့ဖြိုးမှုဆိုင်ရာနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယမန်နေ့နံက်ပိုင်းက ဟောပြောခဲ့ကြောင်း သိရသည်။

ဘားအံမြို့၊ အ-ထ-က (အုန်းတပင်) ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး (Book Review) ရေးဖြေပြိုင်ပွဲနှင့် ဉာဏ်စမ်း ပြိုင်ပွဲပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံမြို့၊ အ-ထ-က (အုန်းတပင်) ကျောင်း၌ ကရင်ပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းမှ ကြီးမှူး၍ ကျောင်းသား/သူများ စာပေဗဟုသုတ ပြည့်စုံစေရန်နှင့် စာဖတ်ရှိန် မြှင့်တင်ရေးအတွက် “သုတရတနာဆည်းပူးဖွေရှာစာဖတ်ပါ” အစီအစဉ်ဖြင့် (Book Review) ရေးဖြေပြိုင်ပွဲနှင့် ဉာဏ်စမ်းပြိုင်ပွဲကို ယမန်‌နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

သမိုင်းဝင်မယ်ဒက်ကယ် စေတီတော်မြတ်ကြီးအား စိန်ဖူးတော်တင်လှူပူဇော်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ဒိုးတန်းကျေးရွာအုပ်စု၊ အောင်ချမ်းသာကျေးရွာ သမိုင်းဝင်မယ်ဒက်ကယ် စေတီတော်မြတ်ကြီးအား တောင်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထိန်ဝင်းနှင့် ဇနီးဒေါ်ဖြူဖြူသန့်၊ တောင်ငူမြို့ ရွှေဥဒေါင်း မိသားစုတို့မှ ဘက်စုံပြန်လည်ပြုပြင်မွမ်းမံခြင်း ထီးတော်ရွှေသင်္ကန်းကပ်လှူ၍ မူလစိန် ဖူးတော်ပြန်လည်တင် လှူပူဇော်ခြင်းအခမ်းအနားကို ယမန်နေ့က အဆိုပါဘုရားတွင် ကျင်းပ ပြုလုပ်ခဲ့သည်။ 

ဒေးဒရဲမြို့နယ်တွင် အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အရှိန်အဟုန်မပျက်ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ် အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ မြို့ပေါ် နှင့် ကျေးလက်ဒေသများရှိ အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို စဉ်ဆက်မပျက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပေါက်ခေါင်းမြို့၌ စာပေချစ်မြတ်နိုးသူများအသင်း(Book Club) အဖွဲ့ဝင်များနှင့်စာဖတ်ဝိုင်းကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များစုပေါင်း၍
Subscribe to