အာဇာနည်နေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲနှင့်စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ

ဉာဏ်ရည်၊ ဉာဏ်သွေးပြည့်၀၍ ထူးချွန်ထက်မြက်သောကျောင်းသား၊ ကျောင်းသူများ ဖြစ်ပေါ်စေရန်၊ စာဖတ်သည့်အ‌လေ့အကျင့်‌ကောင်းများဖြစ်‌ပေါ်လာစေ၍ စာပေအသိပညာဗဟုသုတရရှိစေရန်၊ စာဖတ်စွမ်းရည်များ တိုးတက်လာစေရန် ရည်ရွယ်၍ အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် စာစီစာကုံးပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီ ကချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ရှိကလေးစာဖတ်ခန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဒိုက်ဦးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စေတနာရှင်အဖွဲ့တို့ပူးပေါင်း၍ စာအုပ်၊ စာစောင်များလှူဒါန်း

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စေတနာရှင်အဖွဲ့တို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက သုံးခွကျေးရွာအုပ်စု၊ ကမာကလစ်ကျေးရွာ၊ အ.လ.က(ခွဲ)ကျောင်းသို့ စာအုပ်စာစောင်များသွားရောက်လှူဒါန်းခဲ့ပါသည်။

ညောင်ဦးမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်

ခြင်မှတဆင့်ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်တားဆီးရေး လုပ်ငန်းဖြစ်သည့် ခြင်နှိမ်နှင်းရေးလုပ်ငန်း၊ ခြင်ဆေးခတ်ခြင်းလုပ်ငန်းနှင့် ခြင်ဆေးဖြန်းခြင်းလုပ်ငန်းများကို ညောင်ဦးမြို့နယ် အတွင်းရှိ ကျေးရွာ/ ရပ်ကွက်များ၊ အခြေခံပညာစာသင်ကျောင်းများနှင့် ယွန်းပညာကောလိပ် (ပုဂံ) တို့တွင် ညောင်ဦးမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်‌အဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်ဦးဆောင်၍

ရှမ်းရွာသစ်မြို့တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၂ခုနှစ်၊ ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက်အာဇာနည်နေ့အကြို အထိမ်းအမှတ်အဖြစ် ကာယ၊ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက်(၉)နာရီအချိန်တွင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

နတ်မောက်မြို့နယ် ဂွေးတောက်ကုန်းကျေးရွာတွင် တရားဥပဒေစိုးမိုးရေးနှင့်ဒေသဖွံ့ဖြိုးရေး ဆွေးနွေး ပွဲပြုလုပ်

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေး ဆွေးနွေးပွဲပြုလုပ်ခြင်းကို ယမန်နေ့ နေ့လယ် (၂)နာရီအချိန်က ဂွေးတောက်ကုန်း ကျေးရွာစာသင်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကျွန်းလှမြို့၊ လူထုအခြေပြုဗဟိုဌာန၌ လူငယ်နှင့်အားကစား အသိပညာပေး (Talk Show) ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းပြီး လူငယ်နှင့်အားကစား အသိပညာ‌ပေး (Talk Show) ကို ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်မ၌ ကျင်းပကြောင်း သိရသည်။

မိုင်းတုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနရှိ Community Centre ခန်းမ၌ စာအုပ်စာပေချစ်မြတ်နိုးသူများအသင်းမှ စာဖတ်ဝိုင်း‌နှင့် စာအုပ်၊ စာ‌စောင်ပြပွဲ ပြုလုပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနရှိ Community Centre ခန်းမတွင် စာရေးဆရာ လူထုစိန်ဝင်း၏" မျှော်လင့်ချက်မဲ့ အခြေအနေဆိုတာမရှိဘူး" စာအုပ်ကို ယနေ့နံနက် ၁၀း၀၀ အချိန်ကစာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။

ရာသီစာ တပင် ဝါးမျှစ်များ စျေးကောင်းရ

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့တွင် ရာသီစာတစ်မျိုးဖြစ်သည့် တပင်ဝါးမျှစ်များ စတင် ချိုးယူ ရောင်းချနေရပြီး စျေးကောင်းရလျက်ရှိကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့ အမှတ်(၄)ရပ်ကွက် သုခလမ်း အုတ်စီရေမြောင်းခင်းခြင်းလုပ်ငန်းနှင့် မြောင်းအဖုံးပြုလုပ်ခြင်း လုပ်ငန်းရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် မြို့အင်္ဂါရပ်နှင့်အညီ မြို့သန့်ရှင်းသာယာလှပစေရေးနှင့် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက်  ရေမြောင်းများတူးဖော်ခြင်း၊ အများပြည်သူသွားလာမှု လွယ်ကူအဆင်ပြေစေရေးအတွက် လမ်းနှင့်တံတားများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း ရန်ပုံငွေများဖြင့် အမှတ်(၄)ရပ်ကွက်၊ သုခလမ်း အုတ်စီရေမြောင်းခင်းခြင်းလုပ်ငန်းနှင့် မြောင်းအဖုံးပြုလုပ်ခြင်းလုပ်ငန်းများကို မေလနောက်ဆုံးပတ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာမှ ယခုအချိန်တွင်ရာနှုန်း ပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ်၌ ပြောင်းဖူးစိုက်ခင်းများအောင်မြင်ဖြစ်ထွန်းပြီး ဈေးကွက်အတွင်း စတင်ရောင်းချ

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် ဒေသခံတောင်သူများသည် စိုက်ပျိုးရေနှင့်မြေအောက်ရေများအသုံးပြု၍ ပြောင်းသီးနှံများကို (နွေ၊ မိုး၊ ဆောင်း)တစ်နှစ်ပတ်လုံး စီးပွားဖြစ်စိုက်ပျိုးကြရာ ယခုအချိန်တွင် မိုးရာသီစိုက်သီးနှံပြောင်းဖူးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းကာ ရောင်းချချိန်တွင် ဈေးကောင်းရရှိကြောင်းသိရသည်။
Subscribe to