ကရသူရိ ဇူလိုင် ၁၁
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့တွင် ပြည်သူများနှင့်ဌာနဆိုင်ရာဝန်ထမ်းများ အားလပ်ချိန်အတွင်း စာအုပ်စာစောင်များဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများရရှိရေးအတွက် Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းခြင်းကို ယနေ့နံနက် ၁၀နာရီက မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ငှားရမ်းရာတွင်သုတ၊ ရသစာအုပ်များ၊ မဂ္ဂဇင်း၊ ဂျာနယ်၊ ရုပ်ပြ၊ ဝတ္ထု၊ အထွေထွေဗဟု သုတစာအုပ်နှင့် စာဖတ်ပရိတ်သတ်များကြိုက်နှစ်သက်သည့်စာအုပ်/စာစောင်များကို ငှားရမ်းပေးခြင်းဖြစ်ပြီး အဆိုပါဆောင်ရွက်ခြင်းသည် စာကြည့်တိုက်သို့မလာရောက်နိုင်သည့် စာဖတ်ပရိတ်သတ်များအတွက် အလွယ် တကူဖတ်ရူနိုင်ရေး မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက Mobile Library စနစ်ဖြင့် လက်ဝယ်အရောက်ငှားရမ်းပေးခြင်းဖြစ်ရာ စာအုပ်/ စာစောင်အသစ်များကို အပတ်စဉ်သွားရောက်လဲလှယ်ပေးမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)