သိန္နီ ဇူလိုင် ၁၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူငယ်များ ကျန်းမာကြံ့ခိုင်စေရန်နှင့် ဘက်စုံထူးချွန်စေရန် ရည်ရွယ်၍ ကိုယ်လက်လှုပ်ရှား အားကစားအစီအစဉ် ရိုက်ကူးထုတ်လွှင့်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ဆောင်ရွက်ခဲ့သည်။
ထိုသို့ လူငယ်များ ကျန်းမာကြံ့ခိုင်စေရန်အတွက် သိန္နီမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူလေးများမှ Physical Fitness Dance ကိုယ်လက်လှုပ်ရှား အားကစားအစီအစဉ်မှ ဒေသတွင်းနေထိုင်ကြသော လူငယ်များ ကျန်းမာရေးတွင် စိတ်ပါဝင်စားပြီး နိုင်ငံတော်တွင် ကျန်းမာသန်စွမ်းသော လူငယ်များပေါ်ထွန်းလာစေရန်၊ လူငယ်များအနေဖြင့် မူးယစ်စေသောဆေးဝါးများသုံးစွဲခြင်းမှ ကာကွယ်ရန်နှင့်အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် ရိုက်ကူးခြင်းဖြစ်သည်။ အဆိုပါအစီအစဉ်ကို သိန္နီမြို့နယ် We Love Hseni Page နှင့် သိန္နီမြို့နယ် ပြည်သူ့စာကြည့်တိုက် Page တို့တွင် လွှင့်တင်သွားမည်ဖြစ်ကြောင်း သိရသည်။
စောဥမ္မာ(သိန္နီ)