မရမ်းကုန်းမြို့နယ်အတွင်း ​သွေးလွန်တုပ်ကွေး​ရောဂါ ကာကွယ်​ရေး အသိပညာ​ပေးလုပ်ငန်းများ​ ဆောင်ရွက်

မိုးရာသီကာလသို့​ ရောက်ရှိလာပြီဖြစ်​သော​ကြောင့် ​သွေးလွန်တုပ်ကွေး​ရောဂါဖြစ်ပွားမှုမှ ကာကွယ်နိုင်ရန် ရန်ကုန်တိုင်း​ဒေသကြီး၊ အ​နောက်ပိုင်းခရိုင် မရမ်းကုန်းမြို့နယ် အမှတ်(၈)ရပ်ကွက်အတွင်းရှိ ​နေအိမ်များ၊ ဆိုင်းခန်းများနှင့်လမ်များသို့ ယ​နေ့ နံနက်ပိုင်း၌ မြို့နယ်ကြက်​ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်က​လေး၊ မြို့နယ်အမျိုးသမီး​ရေးရာအဖွဲနှင့် ပရဟိတအသင်းများက ကွင်းဆင်းကာ သွေးလွန်တုတ်​ကွေး​ရောဂါ ကာကွယ်​ရေး အသိပညာလုပ်ငန်းများ ​ဆောင်ရွက်ခဲ့သည်။

ကော့သောင်းမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့်  လူနေအိမ်နှင့် အဆောက်အဦတစ်ချို့ ပျက်စီး

ကော့သောင်းမြို့တွင် မိုးသည်းထန်ရွာရွာသွန်းပြီး လေပြင်းများရုတ်တရက်တိုက်ခတ်မှုကြောင့် စူငယ်ဘာလိုင်းကျေးရွာအုပ်စု၊ အောင်ဘာစံပြကျေးရွာရှိ လူနေအိမ်ဆောက်အဦး တချို့အမိုးအကာများပျက်စီးမှုဖြစ်စဉ်   ယမန်နေ့မွန်းလွဲပိုင်းကဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဒိုက်ဦး အ.ထ.က( ၂ )၌ ကျောင်းနေဝန်းကျင် စိမ်းလန်းစိုပြေရေးစုပေါင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ အမှတ် ၂ အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့ နံနက် ၈ နာရီအချိန်က ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသင်းမော် ဦးဆောင်၍ ဆရာ/ ဆရာမများ ကျောင်းသား/ကျောင်းသူများက ကျောင်းနေဝန်းကျင် စိမ်းလန်းစိုပြေရေး စုပေါင်း ဆောင်ရွက်ကြသည်။

ညောင်ဦးမြို့နယ် ဖီးကြမ်းငှက်ပျောစိုက်တောင်သူများပြားလာ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ လက်ပံခြေပေါ်ကျေးရွာများမှဖီးကြမ်း ငှက်ပျောစိုက်တောင်သူများ  ဖီးကြမ်းငှက်ပျော ထွက်သလောက်ရောင်းချနေရခြင်းကြောင့် ဖီးကြမ်းငှက်ပျိုး စိုက်ပျိုးသည့် ငှက်ပျောခြံစိုက်တောင်သူများပြားလာကြောင်း တောင်ဖက်တန်းကျေးရွာ ဦးမင်းညိုထံကသိရသည်။

ရှေး​ဟောင်းသမိုင်းဝင် အပရာဇိတဆံ​​တော်ရှင် ကျိုက်ဝိုင်း​စေတီ​တော်မြတ်ကြီး၌ စုပေါင်း ဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပ

ရန်ကုန်တိုင်း​ဒေသကြီး၊ မရမ်းကုန်းမြို့နယ်​ အမှတ်(၃)ရပ်ကွက်ရှိ ​ ရှေး​ဟောင်းသမိုင်းဝင် အပရာဇိတဆံ​​တော်ရှင် ကျိုက်ဝိုင်း​စေတီ​တော်မြတ်ကြီး၌ စု​ပေါင်းဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်​နေ့ နံနက် ၉:၃၀ နာရီက ကျိုက်ဝိုင်း​စေတီ​တော်​အောင်ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ် ရွာသာအေးကျေးရွာတွင် ငရုတ်သီးများ ဈေးကောင်းရရှိ၍ ငရုပ်စိုက် တောင်သူများအဆင်ပြေ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ရွာသာအေးကျေးရွာတွင်ငရုပ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ခူးဆွတ်ရောင်းချရာတွင် ဈေး ကောင်းရရှိသဖြင့် ငရုပ်စိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း စိုက်တောင်သူမျာထံမှ သိရသည်။

ရေကြည်မြို့၌ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် နံရံကပ် စာစောင် ပြပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ်၌ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့်နံရံကပ် စာစောင်ပြပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က ကြာအင်းကျေးရွာ၊ အခြေခံပညာ မူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ပြင်ဦးလွင်မြို့နယ်တွင် ကျောင်းနှင့်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးနေ့အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဉီးလွင်မြို့နယ်တွင် ကျောင်းနှင့်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးနေ့အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲတော် ကို ယမန်နေ့နံနက် (၈) နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း တို့တွင် ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်ပန်းတောင်းမြို့ ဆုတောင်းပြည့်မဟာစေတီကြီးဘုရားတွင် ဓမ္မစင်္ကြာဒေသနာတော် ဖွင့်ပွဲအကြိုအဖြစ် ဓမ္မစင်္ကြာဝတ်ရွတ်အသင်းများစုပေါင်း၍ ဝတ်ရွတ်ပူဇော်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့ ဆုတောင်းပြည့်မဟာစေတီကြီးဘုရားတွင် မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ ဓမ္မစင်္ကြာအခါတော်နေ့(ဝါဆိုလပြည့်နေ့)တွင်ပြုလုပ်မည့်၊ ဓမ္မစင်္ကြာဒေသနာတော်ဖွင့်ပွဲအကြိုအဖြစ်၊ မြို့ပေါ်ရပ်ကွက်အသီးသီးရှိ ဝတ်ရွတ်အသင်းများ၏ ဒေသနာတော်ဝတ်ရွတ်ပူဇော်ပွဲကို ယမန်နေ့ ညနေ ၄ ညနာရီအချိန်က  အဆိုပါဘုရားဝန်းအတွင်းရှိ အာရုံခံတန်ဆောင်းတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားတက္ကသိုလ် ဆွမ်ပရာဘွမ်၊ ဖုန်ဂန်ရာဇီ၊ ဆဒုံးဘွမ်မောင်နှမ အဆောင်နေ ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအားပေးထောက်ပံ့

၂၀၁၉-၂၀၂၀ ၊ ၂၀၂၁-၂၀၂၂၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်များအတွက် မြစ်ကြီးနားတက္ကသိုလ်၌ ဆွမ်ပရာဘွမ်၊ ဖုန်ဂန်ရာဇီ၊ ဆဒုံးဘွမ်မောင်နှမဆောင်များတွင် နေထိုင်၍ ပညာသင်ကြားလျက်ရှိသော အဆောင်နေ ကျောင်းသား၊ ကျောင်းသူများအား ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများက ဇူလိုင် ၉ ရက် ညနေ ၆ နာရီခွဲက တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမဆောင်၌ သွားရောက်တွေ့ဆုံအားပေး ထောက်ပံ့ခဲ့သည်။
Subscribe to