နမ္မတူ ဇူလိုင် ၁၁
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ဝါဆိုလပြည်နေ့ (ဓမ္မစကြာနေ့) အကြိုအဖိတ်နေ့ ယနေ့နံနက်ပိုင်းတွင် နမ္မတူမြို့နယ် မြို့မဈေးကြီး၌ ဈေးရောင်းသူဝယ်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ယခုလို ဝါတွင်းကာလအဖိတ်နေ့များတွင် နမ္မတူမြို့နယ်အတွင်းနှင့် ကျေးရွာများအတွင်းရှိ ဒေသခံတိုင်းရင်းသားပြည်သူများသည် ဥပုသ်နေ့တွင် ကောင်းမှုကုသိုလ်များပြုလုပ်ရန်အတွက် မြို့မဈေးသို့လာရောက်၍ လိုအပ်သည့်ပစ္စည်းများအား ဝယ်ယူရောင်းချခြင်းဖြစ်သောကြောင့် စည်ကားလျက်ရှိကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)