ကော့ကရိတ်မြို့၌ (၇၅) နှစ်​မြောက် အာဇာနည်​နေ့အထိမ်းအမှတ် အသိပညာပေး Talk Show ဆောင်ရွက်

ကော့ကရိတ် ဇူလိုင် ၁၁

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club အဖွဲ့ဝင်တို့ပူးပေါင်း၍ အာဇာနည်​​နေ့အထိမ်းအမှတ်အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်သည်။

ဆွေးနွေးပွဲတွင် ခရိုင်ပြန်ဆက်ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်လေးနွယ်က Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ဦးစွာဆွေးနွေး​ပြောကြားသည်။

ထိုနောက် Book Club အဖွဲ့ဝင်​ ဒေါ်ခင်ကြူ​​အေးနှင့် ခရိုင်ပြန်ဆက်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ခင်​လေးနွယ်တို့မှ အာဇာနည်ဆိုသည်မှာ အာဇာနည်​​နေ့ဖြစ်​​ပေါ်လာပုံ၊ အာဇာနည်သူရဲ​ကောင်းတို့၏ အထ္ထုပ္ပတ္တိနှင့် လွတ်လပ်​ရေးရရန် ကြိုးပမ်း​ဆောင်ရွက်ချက်များ၊ အတုယူစရာအာဇာနည်သူရဲ​ကောင်းတို့၏ စိတ်ဓါတ်တို့ကို အပြန်အလှန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ခင်မျိုးဝင်း (ပြန်ဆက်)