ပုသိမ်ကြီးမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အာဇာနည်နေ့ အထိမ်းအမှတ် (အကြို) အသိပညာပေး Talk Show ဆောင်ရွက်

ပုသိမ်ကြီး ဇူလိုင် ၁၁

၂၀၂၂ ခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် အာဇာနည်နေ့   အထိမ်းအမှတ် (အကြို) အသိပညာပေး Talk Show ကို ယနေ့နံနက် (၉) နာရီက  မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊  လူထုအခြေပြုဗဟိုဌာန (Community  Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေး Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  ဒုတိယဦးစီးမှူး ဒေါ်မာအေးနှင့် မြို့နယ်စာရေးဆရာအသင်းဝင် စာရေးဆရာမ စုလှိုင် (ပြန်/ဆက်) တို့က အာဇာနည်နေ့၏ အဓိပ္ပာယ်၊ အာဇာနည်ခေါင်းဆောင်ကြီး များ၏ စိတ်ဓာတ်အကြောင်း၊ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ၁၃ရက်နေ့၊ ရန်ကုန်မြို့တော်ခန်းမတွင်  ကျင်းပသည့် တိုင်းပြုပြည်ပြု လွှတ်တော်အစည်းအဝေး၌ ဗိုလ်ချုပ်ပြောကြားခဲ့သည့် မိန့်ခွန်းထဲမှအရာများနှင့် ဗိုလ်ချုပ်လမ်းစဉ်အကြောင်း၊ ကမ္ဘာတည်သရွေ့ အာဇာနည့်နေ့ဆိုတာ ရှိနေမှာဖြစ်ပါကြောင်း၊ ယနေ့လူငယ်တွေက ဗိုလ်ချုပ်ကိုတစ်ကယ်ချစ်ရင် အသက်ပေးရယူခဲ့တဲ့ လွတ်လပ်ရေးရဲ့ တန်ဖိုးရှိပုံကိုနားလည်ပြီး ထိန်းသိမ်းကြရမှာ တာဝန်ဖြစ်ပါကြောင်း၊ လွတ်လပ်တဲ့မြန်မာနိုင်ငံကို ကမ္ဘာတည်သရွေ့ ကာကွယ်စောင့်ရှောက်ရမှာ လူငယ်လူရွယ်များ၏ တာဝန်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။

ပုသိမ်ကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြည်သူများ အသိပညာဗဟုသုတရရှိစေရေးအတွက် Talk Show အစီအစဉ်များကို စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)