လေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တိးပေးနိုင်ရေး အခြေခံပညာ ကွန်ပျူတာသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

မော်လမြိုင်    ဇူလိုင် ၁၂

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်များဖန်တီးပေးရေး လုပ်ငန်းကော်မတီမှဖွင့်လှစ်သည့် အခြေခံကွန်ပျူတာ သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက နံ့သာဖြူကုန်တိုက်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မွန်ပြည်နယ် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်း ကော်မတီအတွင်းရေးမှူး ဒေါ်တိုးတိုးချစ်က အဖွင့်အမှာစကား ပြောကြားပြီး အခြေခံပညာ ကွန်ပျူတာသင်တန်းဆင်း သင်တန်းသား/သင်တန်းသူများအား တာ၀န်ရှိသူများက သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ပေးခဲ့သည်။

ထိုနောက် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီမှဖွင့်လှစ်သည့် အခြေခံကွန်ပျူတာသင်တန်းမှ  သင်တန်းသား/သူများနှင့် အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။ အဆိုပါ အခြေခံ ကွန်ပျူတာသင်တန်းကို ဇွန်လ ၁၄ ရက်နေ့မှ ဇူလိုင်လ ၈ ရက်နေ့အထိ သင်တန်းသား ၆ ဦး၊ သင်တန်းသူ ၁၄ ဦး စုစုပေါင်း ၂၀ဦးအား(ICBC) ကျောင်းတွင် စာတွေ့လက်တွေ့သင်ကြားပေး ခဲ့ကြောင်း သိရသည်။

ခင်စန်းမြင့်