ကော့သောင်း ဇူလိုင် ၁၂
ကော့သောင်းခရိုင်/ မြို့နယ်ဌာနဆိုင်ရာများ၏ မြို့နယ်လုံးဆိုင်ရာ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားအား ယနေ့နံနက်(၅)နာရီက ကော့သောင်းမြို့၊ ပြည်တော်အေး သာသနာ့ဗိမ္မာန်တော်တွင် ကျင်းပပြုလုပ်ရာ ဆရာတော်သံဃာတော်ကြီးများ စစ်ဗျူဟာအဖွဲ့ (အခြေချ) ကော့သောင်း စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးအောင်ဇော်လင်း၊ ကော့သောင်းခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးအောင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချိုနှင့် ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ မြို့မိမြို့ဖများအလှူရှင် စေတနာရှင်များတက်ရောက်ကြသည်။
ရှေ့ဦးစွာ အခမ်းအနား တက်ရောက်လာကြသည့် ဆရာတော် သံဃာတော်များနှင့် ဧည့်ပရိတ် သတ်များက နမောတဿ(၃)ကြိမ် ရွတ်ဆိုဘုရား ကန့်တော့၍ ဖွင့်လှစ်ခဲ့ကြသည်။ ယင်းနောက် အခမ်းအနားတက်ရောက်လာသူများက ဆရာတော်သံဃာတော်များထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ပရိတ်တရားတော်များနာယူကြကာ ဆရာတော်သံဃာတော်များအား အာရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ဆက်လက်၍ ဆရာတော်ကြီးများနှင့် သံဃာတော်များအား စစ်ဗျူဟာမှူး၊ ကော့သောင်းခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ၊ခရိုင်/မြို့နယ်ဌာနဆိုင်ရာများက ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကာအခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု(၃)ကြိမ် ရွတ်ဆိုဆုတောင်းရုပ်သိမ်းလိုက်ကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)