ဒေးဒရဲ ဇူလိုင် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ တညင်ကုန်းကျေးရွာအုပ်စု၊ တညင်ကုန်းကျေးရွာရှိ ကွင်းအမှတ်(၂၄၄-က)၊ ဦးပိုင်အမှတ်(၃၈)ရှိ တောင်သူ ဦးမျိုးမြင့်သန်း၏ တစ်မိုးနှစ် သီးစိုက် လယ်မြေ (၂၅)ဧကတွင် စံကွက်ရိတ်သိမ်းခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စံကွက်ရိတ်သိမ်းခြင်းကို မြို့နယ်သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုအဖွဲ့ဝင်များ ဦးဆောင်၍ တစ်မိုးနှစ်သီးစိုက် စံပြကွက် ရိတ်သိမ်းချွေလှေ့မှုအား စုပေါင်းဆောင်ရွက်ခဲ့ရာ တစ်ဧကလျှင် (၆၉.၈၆)တင်းနှုန်း ထွက်ရှိခဲ့သဖြင့် ဆောင်းစပါးစိုက်ပျိုး ကုန်ကျစရိတ်ထက် မြစ်ရေတင်စရိတ်နှင့် ဓာတ်မြေသြဇာ(၂)အိတ် လျော့နည်းသုံးစွဲရပြီး လက်ရှိ စပါးပေါက်စျေးအရ တစ်ဧကလျှင်(၂)သိန်းနှုန်း အမြတ်အစွန်းရရှိသဖြင့် မိသားစုဝင်ငွေ တိုးတက် မြင့်မားရေးအတွက် ဒေသခံတောင်သူများအနေဖြင့် စိုက်ပျိုးရေးဦးစီးဌာနနှင့် ဆက်သွယ် ဆောင်ရွက်နိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဇော်မင်းထွန်း၏ ပြောကြားချက်အရ သိရသည်။
ဒေးဒရဲမြို့နယ်၌ စိုက်ပျိုးမြေများတွင် သီနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ လိုက်နာကျင့်သုံးနိုင်ရေး စံပြစိုက်ခင်းများတွင် နည်းပညာပေး လုပ်ငန်းများအား စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက ကွင်းဆင်း ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
အေဇာလင်း