ကျိုင်းတုံမြို့၌ ပြန်လည်ထူထောင်ရေးအကြောင်းသိကောင်းစရာ အသိပညာပေး Talk Show ဆွေးနွေးပွဲ

ကျိုင်းတုံ  ဇူလိုင်  ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌  ပြန်လည်ထူထောင်ရေးအကြောင်းသိကောင်းစရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက ကျိုင်းတုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် ကျိုင်းတုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်လှိုင်လှိုင်ငြိမ်းက ပြန်လည်ထူထောင်ရေးအကြောင်းသိကောင်းစရာများနှင့်ပတ်သက်၍ ပြည် သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် အသိပညာပေး Talk Show ဆွေးနွေးပွဲ ပြုလုပ် ရခြင်းဖြစ်ကြောင်းပြောကြားပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း(ကျိုင်းတုံ)မှဦးစီးအရာရှိ ဦးမျိုးသက်ထွန်းက ပြန်လည် ထူထောင်ရေးဦးစီးဌာန၏ ရည်ရွယ်ချက်နှင့်လုပ်ငန်းစဉ်များအကြောင်း၊ မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည် ထောင်ရေးစခန်း(ကျိုင်းတုံ)တွင် မိမိဆန္ဒအရ လာရောက် ဆေးဖြတ်ကြသူများအား လူမှုအသိုင်းအဝိုင်းအတွင်း ပြန်လည်ဝင်ဆံ့နိုင်ရေးအတွက် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာများ ပြည်လည် ထူထောင်ပေးခြင်း၊  အသက်မွေးဝမ်းကျောင်းဆိုင်ရာပညာရပ်များ သင်ကြာပေးခြင်း စသည့် ပြန်လည်ထူထောင်ရေးအကြောင်းအရာများကို အသိပညာပေး ဆွေးနွေးခဲ့ကြကြောင်းသိရ သည်။

အဆိုပါ အသိပညာပေး Talk Show ဆွေးနွေးပွဲ အစီအစဉ် အပြည့်အစုံကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် We Love Kyaing Tong Facebook Page တွင် ထုတ်လွှင့် တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)