ပန်းတနော် ဇူလိုင် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် မြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ပြောင်းရွေ့ခဲ့ရသော အိမ်ထောင်စုဝင်များအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ဇူလိုင်လ ၈ ရက်နေ့တွင် မြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ပြောင်းရွေ့ခဲ့ရသော ဘဝိုင်းကျေးရွာအုပ်စု မြင်းကဒေါင်ကျေးရွာရှိ နေအိမ် (၂) လုံး၊ အိမ်ထောင်စု (၂)စု လူဦးရေ (၈) ဦး အတွက် မအူပင်ခရိုင်ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်ဆောက်ပစ္စည်းဖိုးငွေ နေအိမ် (၁)လုံးလျှင် ငွေကျပ် ၁ သိန်းနှုန်း၊ ဆန်ရိက္ခာ လူတစ်ဦးလျှင် ငွေကျပ် ၂၁၀၀ နှုန်းဖြင့် သက်ဆိုင်ရာအိမ်ထောင်ဦးစီးများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ ဆက်)