ကျိုက်လတ် ဇူလိုင် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ (၇)ဖြတ်လမ်းရှိ မြို့ကျက်သရေဆောင် တိလောကမာရဇိန်မြတ်စွာဘုရားကြီး တွင်ယနေ့(ဝါဆိုလပြည့်နေ့)နံနက် ၈ နာရီခန့်က (၁၈) ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပူဇော်ပွဲကျင်းပခဲ့သည်။
အခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး ဓမ္မပါလရွှေကျင်ကျောင်းတိုက် ဆရာတော်ဦးဝိမလထံမှ ရှစ်ပါးသီလခံယူဆောက်တည်ခဲ့ကြပြီး ကြွရောက်လာကြ သည့် ဆရာတော်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့်အဖွဲ့ဝင်များက ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် ဝါဆိုသင်္ကန်းနှင့် စတုဒိသာအလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပြန်လည်ပေးအပ်ခဲ့ကြသည်။ ဓမ္မပါလရွှေကျင်ကျောင်းတိုက်ဆရာတော်က အနုမောဒနာတရားဟောကြား၍ ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး ဗုဒ္ဓသာသနံစိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။ ဆက်လက်၍ တိလောကမာရဇိန်မြတ်စွာ ဘုရားကြီးကို ဆက်ကပ်လှူဒါန်းမည့် ဝါဆိုသင်္ကန်းနှင့်ပန်းများကို ဓမ္မိကာရုံ ကျောင်းတိုက် ဆရာတော် ဥူးဓမ္မပိယ ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အလှူရှင်များနှင့် ဝေယျာဝစ္စ လူငယ်များ၊ ဘုရားဖူးလာသူများက တိလောကမာရဇိန်မြတ်စွာ ဘုရားကြီးအား လက်ယျာရစ်သုံးကြိမ်ရစ်ပတ်ပူဇော်ပြီး တိလောကမာရဇိန်မြတ်စွာဘုရားကြီး၊ နောင်တော်ကြီးဘုရား၊ ကိုးဆူဘုရားနှင့် ငါးဆူဘုရားတို့အား ဆက်ကပ်လှူဒါန်း ပူဇော်ခဲ့ကြကြောင်း သိရသည်။ အခမ်းအနားသို့ တက်ရောက်လာကြသူများ၊ ဘုရားဖူးမိဘပြည်သူများတို့အား အလှူရှင်များကစတုဒိသာများ ကျွေးမွေးလှူဒါန်းခဲ့ကြပြီး ကံစမ်းမဲများဖောက်ပေး၍ မျိုးမင်းပိုင်တေး ဂီတအဖွဲ့ဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
ဒေါ်ရီရီမြင့်