ဝါဆိုလပြည့် (ဓမ္မစင်္ကြာ‌နေ့)တွင် ပဲခူးမြို့ရှိ ဘုရားစေတီများ၌ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့် စည်ကား

ပဲခူး  ဇူလိုင်  ၁၂

ဗုဒ္ဓဘာသာဝင် သူတော်စင်တို့၏ နေ့ထူး‌နေ့မြတ်ဖြစ်သည့် ဝါဆိုလပြည့် (ဓမ္မစင်္ကြာနေ့)တွင် ပဲခူးမြို့ရှိ ရှေးဟောင်းသမိုင်းဝင်ဆုတောင်းပြည့် ဘုရားစေတီများဖြစ်သော ရွှေမော်ဓောဘုရား၊ ရွှေသာလျောင်းဘုရား၊ စိန်သာလျောင်းဘုရား၊ မြသာလျောင်းဘုရား၊ မဟာစေတီဘုရား၊ ကျိုက်ပွန်ဘုရား၊ ဟင်္သာကုန်းဘုရားတို့တွင် ပဲခူးမြို့ခံများသာမက အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာ ပြည်သူများဖြင့်စည်ကားလျက်ရှိကြောင်း သိရသည်။

ဘုရားဖူးလာ ပြည်သူများအနေဖြင့်  ဝါဆိုသင်္ကန်းများ ကပ်လှူပူဇော်ခြင်း၊ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ကြခြင်း၊ ဂုဏ်တော်များ၊ ပရိတ်တရား‌တော်များနှင့် ဓမ္ဓစကြာသုတ် ရွတ်ဖတ်ပူဇော်ခြင်းများ ပြုလုပ်ကြပြီး အေးချမ်းစွာဘုရားဖူးမျှော်လျက်ရှိသည်။

သက်ဖြိုးကြိုင်(ပြန်/‌ဆက်)