ချီဖွေမြို့နယ် အ‌ခြေခံပညာ အထက်တန်းကျောင်း၌ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေးဟော‌‌‌ပြောပွဲကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်၌ ဇူလိုင်လ (၁၉)ရက်နေ့တွင် ကျ‌ရောက်မည့် (၇၅) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိ ပညာပေးဟောပြောပွဲကို ယနေ့ နံနက် (၁၁) နာရီခွဲက အခြေခံပညာ အထက်တန်းကျောင်း(ချီဖွေ)၌ ကျင်းပဆောင်ရွက်ခဲ့သည်။

မိုင်းဆတ်မြို့၌ မြစိမ်းရောင်(အသားကဏ္ဍ)တတိယအကြိမ် လက်ဆင့်ကမ်း ရန်ပုံငွေကျပ်သိန်း(၃၀၀) ပေးအပ်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ မြစိမ်းရောင်(အသားကဏ္ဍ)တတိယအကြိမ် လက်ဆင့်ကမ်းရန်ပုံငွေပေးအပ်ပွဲကို ယနေ့နံနက်(၁၁)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ထန်းတပင်မြိုနယ်၌ ကျောင်းသား၊ ကျောင်းသူကလေးငယ်(၁၄၂၃၄)ဦးတို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဒုတိယအကြိမ်မြောက်ထိုးနှံပြီးဖြစ်

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အကြား ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား

ရေတာရှည်မြို့နယ်၌ တိရစ္ဆာန်များတွင် ရောဂါဖြစ်ပွားကျရောက်ခြင်းမှ ကြိုတင် ကာကွယ်နိုင်ရေးအတွက် အသိပညာ​ပေးလုပ်ငန်းများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှုရက်သတ္တပတ် အစီအစဉ်အရ ယ​နေ့ နံနက်ပိုင်း၌ မွေးမြူရေးနှင့်ကုသ​ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာကြည်လင်နှင့် ဝန်ထမ်းများက မြို့နယ်ရုံးရှေ့တွင် ပြည်သူလူထုအသိပညာပေး ပိုစတာစိုက်ထူဆောင်ရွက်၍ ရပ်ကွက်/ကျေးရွာများတွင် လက်ကမ်းစာစောင် ဖြန့်ဝေခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြိုအသိပညာပေး (Talk Show) ကျင်းပပြုလုပ်

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးနှင့် မြို့နယ်ပညာရေးဌာနတို့တို့ပူးပေါင်း၍ Online စနစ်ဖြင့် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို အများပြည်သူအသိပညာပေး (Talk Show) အစီအစဉ်ကို ယနေ့နံနက် (၁၀)နာရီအချိန်က နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ရိုက်ကူးတင်ဆက်ခဲ့ကြောင်း သိရသည်။

ရွှေတောင်စုကျေးရွာတွင် သဘာဝဘေးလျော့ပါးရေး စေတနာဝန်ထမ်း လူငယ်ဆင့်ပွားသင်တန်း အမှတ်စဉ် (၁/၂၀၂၂)ဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ အောက်ရွာကြီးကျေးရွာအုပ်စု၊ ရွှေတောင်စု ခေတ်မီစံပြ ကျေးရွာတွင် ယနေ့ နံနက် ၉ နာရီက လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ ကြီးမှူးဖွင့်လှစ်သည့် သဘာဝလေးလျော့ပါးရေး စေတနာဝန်ထမ်းလူငယ် ဆင့်ပွားသင်တန်းအမှတ်စဉ် (၁/၂၀၂၂) ဖွင့်လှစ်ခဲ့သည်။

ထန်းတပင် မြို့နယ်အခြေခံပညာ အထက်တန်းကျောင်း၌ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ (၇၅) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း ပင်လုံခန်းမ၌ ကျင်းပခဲ့သည်။

ဖျာပုံမြို့၌ Rs to Cs စီးပွားဖြစ်မျိုးသန့် မျိုးပွားမျိုးစေ့ စိုက်ပျိုးပွဲပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် ကိုးအိမ်တန်းကျေးရွာအုပ်စု၊ နောင်တော်ကြီး ဘက်စုံ အဆင့်မြင့်နည်းပညာ သုံးစံပြကျေးရွာ၊ ကွင်းအမှတ်(၄၉၉ A) ဦးပိုင် အမှတ်(၁/၁)​တောင်သူ ဦးဇော်လှိုင်ထွန်း၏ လယ်မြေတွင် ပေါ်ဆန်းရင်မျိုးအား ဘောင်စနစ်ဖြင့် ပျိုးထောင်ပြီး ပျိုးသက်နုဖြင့်(၆)တန်း (၁)တန်းလှပ် စနစ်ဖြင့် Rs to Cs စီးပွားဖြစ်မျိုးသန့် မျိုးပွားမျိုးစေ့ စိုက်ပျိုးပွဲပြုလုပ်ခြင်းကို ယနေ့ နံနက် (၉)နာရီအချိန်က အဆိုပါကျေးရွာတွင် ပြုလုပ်ခဲ့သည်။

မိုင်းတုံမြို့၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအ‌‌ခြေပြုဗဟိုဌာနရှိ Community Centre ခန်းမ၌ အာဇာနည်နေ့အကြောင်းသိကောင်းစရာ အသိပညာ Talk Show  ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအ‌‌ခြေပြုဗဟိုဌာနရှိ Community Centre ခန်းမတွင် (၇၅) နှစ်မြောက် အာဇာနည်နေ့အထမ်းအမှတ်အကြို အာဇာနည်နေ့အကြောင်း သိကောင်းစရာ ခေါင်းစဉ်ဖြင့်အသိပညာပေး Talk   Show  ကို ယနေ့နံနက် ၁၀ နာရီ ၃၀ အချိန်က ကျင်းပခဲ့သည်။
Subscribe to