ထန်းတပင် မြို့နယ်အခြေခံပညာ အထက်တန်းကျောင်း၌ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲ ကျင်းပ

ထန်းတပင်(ပဲခူး) ဇူလိုင် ၁၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ (၇၅) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း  ပင်လုံခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဒေါ်မသန်းစိန်မှ အဖွင့်အမှာစကားပြောကြားပြီး အထက်တန်းပြဆရာမ ဒေါ်မာမာသိန်းက အာဇာနည်နေ့မမေ့နိုင်ရာ ကျေးဇူးသိကြပါ ခေါင်းစဉ်ဖြင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကိုယ်ရေးအကျဉ်းနှင့် အာဇာနည်နေ့ဖြစ်ပေါ်လာပုံ၊ အာဇာနည်နေ့ အခမ်းအနားကျင်းပပုံ၊ အာဇာနည်နေ့ အခမ်းအနား ကျင်းပရသည့် ရည်ရွယ်ချက်များစသည့် အကြောင်းအရာများအား ကျောင်းသား၊ ကျောင်းသူများ သိရှိနားလည် မှတ်သားစေရန်အတွက် ဟောပြောခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)