ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်၍ တက္ကသိုလ်ဝင်စာမေးပွဲကျရှုံးသူများနှင့် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမ တက်နိုင်သော ကျောင်းသား၊ ကျောင်းသူများ ပညာသင်အခွင့်အလမ်းများ မဆုံးရှုံးစေရေး ရည်ရွယ်၍ မိဘအုပ်ထိန်းသူများ၊ ဆရာ၊ ဆရာမများ နှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက်(၁၀)နာရီခွဲအချိန်က အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။