ကျောက်တံခါးမြို့နယ်တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါး မြို့နယ်တွင် ၂၀၂၂ ခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့တွင် ရောက်ရှိမည့် (၇၅) နှစ်မြောက် အာဇာနည်နေ့အဖြစ် အာဇာနည်နေ့ ဖြစ်ပေါ်လာပုံနှင့် အာဇာနည်ခေါင်းဆောင်ကြီးများအကြောင်း အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့ နံနက် (၉) နာရီက ကွင်းနောက်ရပ်ကွက်၊ အခြေခံပညာ အထက်တန်း(အနောက်ရပ်)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။