ရေတာရှည်မြို့နယ်၌ တိရစ္ဆာန်များတွင် ရောဂါဖြစ်ပွားကျရောက်ခြင်းမှ ကြိုတင် ကာကွယ်နိုင်ရေးအတွက် အသိပညာ​ပေးလုပ်ငန်းများ ဆောင်ရွက်

ရေတာရှည် ဇူလိုင် ၁၄

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ်၌ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှုရက်သတ္တပတ် အစီအစဉ်အရ ​နေ့ နံနက်ပိုင်း၌ မွေးမြူရေးနှင့်ကုသ​ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာကြည်လင်နှင့် ဝန်ထမ်းများက မြို့နယ်ရုံးရှေ့တွင် ပြည်သူလူထုအသိပညာပေး ပိုစတာစိုက်ထူဆောင်ရွက်၍ ရပ်ကွက်/ကျေးရွာများတွင် လက်ကမ်းစာစောင် ဖြန့်ဝေခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေဖြင့်  မွေးမြူရေးတိရစ္ဆာန်များတွင် ရောဂါဖြစ်ပွားကျရောက်ခြင်းမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် (၁၁.၇.၂၀၂၂) ရက်မှ (၁၇.၇.၂၀၂၂) ရက်ထိ တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်း ဆိုင်ရာလှုပ်ရှားမှု ရက်သတ္တပတ်အဖြစ်သတ်မှတ်၍ ခွာနာလျှာနာရောဂါ၊ အရေပြားအကျိတ်နာရောဂါ၊ အာဖရိကဝက်အပြင်း ဖျားရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ရေတာရှည်(ပြန်/ဆက်)