မိုင်းတုံ ဇူလိုင် ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနရှိ Community Centre ခန်းမတွင် (၇၅) နှစ်မြောက် အာဇာနည်နေ့အထမ်းအမှတ်အကြို အာဇာနည်နေ့အကြောင်း သိကောင်းစရာ ခေါင်းစဉ်ဖြင့်အသိပညာပေး Talk Show ကို ယနေ့နံနက် ၁၀ နာရီ ၃၀ အချိန်က ကျင်းပခဲ့သည်။
ရှေ့ဦးစွာ အာဇာနည်နေ့ကို ဂုဏ်ပြုသည့်အနေဖြင့် ကျောင်းသား၊ ကျောင်းသူကလေးငယ်များ မှတ်သားတတ်စေရန် ရည်ရွယ်၍ အာဇာနည်နေ့အကြောင်းသိကောင်းစရာအသိပညာပေး Talk Show ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သီတာအေးက ရှင်းပြပြီးနောက် လုပ်သားရုပ်သံ ဦးမျိုးကျော်စိုးက အာဇာနည်နေ့ဖြစ်ပေါ်လာပုံ" အကြောင်းကို မသိလိုက်ရသေးသော ပြည်သူ့များ၊ ကျောင်းသား/ကျောင်းသူများအတွက် သိရှိစေရန်နှင့် ဗဟုသုတရရှိစေရန် တင်ဆက်ပေးရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အာဇာနည်နေ့အကြောင်း သိကောင်းစရာခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ဆွေးနွေးမှုအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူကြီး/လူငယ်အရွယ်မရွေး အသိပညာ ဗဟုသုတရရှိစေရန်အတွက် We Love Mong Tong , Facebook Page မှတဆင့် ထုတ်လွှင့်ပေးသွားမည်ဖြစ်ပါကြောင်း သိရှိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)