မိုင်းလုံမြို့တွင် အသက်(၅)နှစ်မှ အသက် (၁၂)နှစ်အထိ အခြေခံပညာအဆင့် ကျောင်းသား/သူများအား Sinopharm ကာကွယ်ဆေး (ပထမအကြိမ်)ဆက်လက်ထိုးနှံပေး
ကျောင်းနေအရွယ်ကလေးတိုင်း ပညာရေးကိုကျန်းမာပျော်ရွှင်စွာ သင်ကြားနိုင်ရန်ရည်ရွယ်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် အသက်(၅)နှစ်မှ အသက် (၁၂)နှစ်အထိ ကာကွယ်မထိုးရသေးသော ကျောင်းသား/သူ(၄၀၆)ဦးအား Sinopharm ကာကွယ်ဆေး (ပထအကြိမ်) ဆက်လက်ထိုးနှံခြင်းကို မိုင်းလုံမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက်(၉)နာရီ အချိန်ခန့်က ထိုးနှံပေးခဲ့ကြောင်း သိရသည်။