ဖျာပုံမြို့၌ Rs to Cs စီးပွားဖြစ်မျိုးသန့် မျိုးပွားမျိုးစေ့ စိုက်ပျိုးပွဲပြုလုပ်

ဖျာပုံ ဇူလိုင် ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် ကိုးအိမ်တန်းကျေးရွာအုပ်စု၊ နောင်တော်ကြီး ဘက်စုံ အဆင့်မြင့်နည်းပညာ သုံးစံပြကျေးရွာ၊ ကွင်းအမှတ်(၄၉၉ A) ဦးပိုင် အမှတ်(၁/၁)​တောင်သူ ဦးဇော်လှိုင်ထွန်း၏ လယ်မြေတွင် ပေါ်ဆန်းရင်မျိုးအား ဘောင်စနစ်ဖြင့် ပျိုးထောင်ပြီး ပျိုးသက်နုဖြင့်(၆)တန်း (၁)တန်းလှပ် စနစ်ဖြင့် Rs to Cs စီးပွားဖြစ်မျိုးသန့် မျိုးပွားမျိုးစေ့ စိုက်ပျိုးပွဲပြုလုပ်ခြင်းကို ယနေ့ နံနက် (၉)နာရီအချိန်က အဆိုပါကျေးရွာတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ၌ Rs to Cs စီးပွားဖြစ်မျိုးသန့် မျိုးပွားပေါ်ဆန်းရင်မျိုးအား ဘောင်စနစ်ဖြင့် ပျိုးထောင်ပြီး ပျိုးသက်နု ဖြင့်(၆)တန်း (၁)တန်းလှပ်စနစ်ဖြင့် စိုက်ပျိုးရာတွင် ဖျာပုံခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်း၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး နိုင်လင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ထားမောင်၊ ခရိုင်/မြို့နယ် စိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံတောင်သူများ တက်ရောက်ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိ သူများက ကောက်စိုက်သမများအား ထောက်ပံ့ငွေများ ပေးအပ်ကြသည်။
ထို့နောက် ခရိုင်/မြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ က ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဒေသခံတောင်သူနှင့် မြို့နယ်စိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မားရေး ဆိုင်ရာများ အပြန်အလှန်ဆွေးနွေးကြသည်။

ဖျာပုံမြို့နယ်အနေဖြင့် Rs to Cs စီးပွားဖြစ်မျိုးသန့် မျိုးပွားမျိုးစေ့ စိုက်ပျိုးခြင်းကို အောက်ကွင်းကြီး မျိုးသန့်ခြံမှ မျိုးသန့်မျိုးစေ့ကို ရယူပြီး မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၉)အုပ်စုအတွင်းရှိ တောင်သူ (၂၉)ဦးတို့၏ လယ်ယာမြေ (၁၇၀)ဧကအတွင်း စိုက်ပျိုးထုတ်လုပ်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူးရုံးမှ သိရ သည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)