သရက် ဇူလိုင် ၁၅
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ သဟာယစာကြည့်တိုက်သို့ ဗိုလ်မှူးကြီးညွန့်ဆွေ(ငြိမ်း) မောင်သက်ဆွေနှင့် သရက် မသက်ဆွေ မိသားစုမှ အလှူငွေ(၅)သိန်းကျပ် ပေးအပ် လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ နံနက်(၈:၃၀)နာရီက သဟာယစာကြည့်တိုက်အတွင်း ဆောင်ရွက်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် သဟာယ စာကြည့်တိုက် ဉက္ကဋ္ဌ ဦးတင်ထွဋ်က အဖွင့် အမှာစကား ပြောကြားပေးပြီး ဦးစိုးလှမြင့်က အလှူရှင်များကို ဂုဏ်ပြုစကားပြောကြားပေးခဲ့သည်။ ဆက်လက်၍ ဗိုလ်မှူးကြီးညွန့်ဆွေ(ငြိမ်း) မောင်ဆွေသက်နှင့် ဇနီး ဒေါ်သက်သက်ဆွေ(မသက်ဆွေ)တို့ မိသားစုမှ လှူဒါန်းသော အလှူငွေများနှင့် ပတ်သက်၍ ဦးအောင်ကျော်စိုးမှ ပြောကြားရာမှာ အလှူရှင်မိသားစုမှ ၂၀၀၂ခုနှစ်၊ဇူလိုင်လ၂၃ရက်နေ့တွင် ရွှေနီအောင်သိန်း ဖောင်ဒေးရှင်း စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ (၁၉)ကြိမ်မြောက် ထောက်ပံ့ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဘာသာရေးတွင်လည်း သိမ်လှူဒါန်းနိုင်ခဲ့ပြီး ယခုတွင် စာကြည့်တိုက်အတွက် အလှူငွေ(၅)သိန်း လှူဒါန်းခဲ့မှုနှင့် ပတ်သက်၍ ပြောကြားပေးခဲ့သည်။
ထို့နောက် အလှူရှင်မိသားစုမှ လှူဒါန်းသည့် အလှူငွေ(၅)သိန်းကျပ်ကို အလှူရှင်မိသားစု ကိုယ်စား ရွှေနီအောင်သိန်း ဖောင်ဒေးရှင်း ဉက္ကဋ္ဌ ဦးစန်းအောင်မှ ပေးအပ်လှူဒါန်းရာ စာကြည့်တိုက် ဉက္ကဋ္ဌ လက်ခံပေးခဲ့ပြီ အလှူငွေလှူဒါန်းမှုအတွက် ဂုဏ်ပြုမှတ်တမ်းလွှာကို ဦးအောင်ကျော်စိုးက လက်ခံပေးခဲ့သည်။ ဆက်လက်၍ စာအုပ်အလှူရှင်များအား လှူဒါန်းမှု ဂုဏ်ပြုမှတ်တမ်းလွှာကို သဟာယစာကြည့်တိုက် တာဝန်ခံများမှ ပေးအပ်ရာတာဝန်ရှိသူ အသီးသီးမှ လက်ခံပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)