မင်းတုန်းမြို့တွင် တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှုဆောင်ရွက်

မင်းတုန်း ဇူလိုင် ၁၅

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့တွင် တိရစ္ဆာန်ရောဂါကာကွယ် ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှု ပြည်သူအသိပညာပေး ပိုစတာကို ယနေ့နံနက် ၉ နာရီက မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ရုံးရှေ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်း၊ မြို့နယ်ဦးစီးမှူး ဒေါက်တာခိုင်ယဉ်ဌေးနှင့် ဌာနဆိုင်ရာများက စိုက်ထူခဲ့ကြသည်။

ထို့နောက် မြို့နယ်‌အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများကို ဒေါက်တာခိုင်ယဉ်ဌေးက တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ အသိပညာပေး ဟောပြောခဲ့ပြီး ကျွဲ၊ နွား အရေပြားအကျိတ်နာရောဂါ၊ ခွာနာလျှာနာရောဂါ ကာကွယ်ရေးနှင့် အာဖရိကဝက်အပြင်းဖျားရောဂါ အသိပညာပေး လက်ကမ်းစာစောင် ()မျိုးဖြန့်ဝေပေးခဲ့သည်။ ဆက်လက်ပြီး ဒေါက်တာခိုင်ယဉ်ဌေးနှင့် တိရစ္ဆာန်ကျန်းမာရေးလုပ်သားများက ငလှိုင်စမ်းကျေးရွာတွင် ကျွဲ၊ နွားများကို ပေါင်ပုတ် လက်ပုတ်နှင့် ဒေါင့်သန်းရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)