မိုင်းတုံ ဇူလိုင် ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်အတွင်းရှိ ဖာချယ်ကျေးရွာအုပ်စု၊ ဖာချယ်ကျေးရွာနှင့်ဟောင်လီကျေးရွာသို့ ယနေ့နံနက်ပိုင်းက မိုင်းတုံမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာသိန်းသန်းဝင်းနှင့် ဝန်ထမ်းများက တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်တားဆီးရေး ကွင်းဆင်းပညာပေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပညာပေးလုပ်ငန်းကို တိရစ္ဆာန်များမွေးမြူလျက်ရှိသော ပြည်သူများကိုသိရှိနားလည်ပြီး ကြိုတင်ပြင်ဆင်ကာကွယ်တက်စေရန် ရည်ရွယ်၍မိုင်းတုံမြို့နယ်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမ ဒေါက်တာသိန်းသန်းဝင်းက သတိပြုစရာ ကျွဲ၊ နွားအရေပြား အကျိတ်နာရောဂါနှင့် ပတ်သက်ပြီးတိရစ္ဆာန်များ ရောဂါလက္ခဏာများအကြောင်း၊ ရောဂါကူးစက်ပျံ့နှံ့ပုံအကြောင်း၊ ရောဂါကာကွယ်ရန်အကြောင်း၊အာဖရိကဝက်အပြင်းဖျား ရောဂါအကြောင်းများကို အကျယ်တစ်ဝန်းရှင်းလင်းပြီးနောက် ဝန်ထမ်းများမှ တိရစ္ဆာန် မွေးမြူထားသည့်ခြံဝန်းများ ပတ်ဝန်းကျင်တွင် ပိုးသတ်ဆေးဖြန်းပေးခြင်း၊ နွားများကိုကာကွယ်ဆေးထိုးပေးခြင်း၊ ခြံဖြန်းပိုးသတ်ဆေးဘူးများဖြန့်ဝေခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ပေးကြောင်း ဒေါက်တာသိန်းသန်းဝင်းထံမ သိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)