ထန်းတပင်မြို့နယ် မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) မိတ်ဆက်ရှင်းလင်းခြင်း ကော်မတီဖွဲ့စည်းခြင်းနှင့် စီမံခန့်ခွဲမှု ငွေစာရင်းထိန်းသိမ်းနည်းသင်တန်းပို့ချခြင်း ဆောင်ရွက်

ထန်းတပင်(ပဲခူး)ဇူလိုင် ၁၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် နေကြာသီးနှံ အပါအဝင် ဆီထွက်သီးနှံစိုက်ပျိုးသော တောင်သူများလိုအပ်လျက်ရှိသည့် မျိုးစေ့၊သွင်းအားစုနှင့် စိုက်ပျိုးစရိတ်များ ဝယ်ယူသုံးစွဲနိုင်ရေး အတိုးနှုန်းသက်သာသည့် ချေးငွေများ(အရင်းမပျောက်မတည်ငွေများ) ထောက်ပံ့ပေးနိုင်ရန် ရည်ရွယ်၍ အကောင်အထည် ဖော်ဆောင်ရွက်မည့် မြစိမ်းရောင် ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ) မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းနှင့်စီမံခန့်ခွဲမှု ငွေစာရင်းထိန်းသိမ်းနည်း သင်တန်းပို့ချခြင်းကို ယနေ့နံနက်၁၀နာရီက အဆိုပါဦးစီးဌာနရှိ အစည်းအဝေးခန်းမတွင် ကျင်းပ သည်။

အခမ်းအနားတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မျိုးအောင်က မြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ)များကို အုန်းပင်ကျေးရွာအုပ်စု၊ သရက်ပင် ကျေးရွာတွင် ပထမဦးဆုံး အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ စီမံကိန်းလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် စီမံကိန်းကျေးရွာမှ ကျေးရွာမြစိမ်းရောင် (ဆီထွက်သီးနှံ)ကော်မတီများဖွဲ့စည်းပြီး၊ ကော်မတီလုပ်ငန်းအဖွဲ့ဝင်(၈)ဦး အားစီမံကိန်း စီမံခန့်ခွဲမှု၊ ငွေစာရင်းထိန်းသိမ်းနည်း သင်တန်းပို့ချသင်ကြားရခြင်းကြောင်း ရှင်းလင်းပြောကြားခဲ့ပြီးနောက် သင်တန်းနည်းပြဆရာများက မျိုးကောင်းမျိုးသန့်၊ သွင်းအားစု၊ စီမံခန့်ခွဲမှုနှင့် ငွေစာရင်းထိန်းသိမ်းနည်းများ ရှင်းလင်းသင်ကြားပေးခဲ့ကြောင်း သိရသည်။

မြို့နယ်