ကဝမြို့နယ်၌ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ ဓာတ်ပုံပြပွဲကျင်းပ

ကဝ ဇူလိုင် ၁၅

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ အမှတ်()အခြေခံပညာမူလွန်ကျောင်း၌ ၂၀၂၂-ခုနှစ်၊ ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ဓာတ်ပုံပြပွဲကို ယနေ့နံနက် (၁၀)နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီး ဦးမြင့်မောင် က အဖွင့်အမှာစကား ပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  မြို့နယ်ဦးစီးမှူး  ဒေါ်သန်းသန်းဝင်း က  အာဇာနည်နေ့ဖြစ်ပေါ်လာပုံ၊   အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္ထိအကျဉ်း၊ အာဇာနည်စိတ်ဓာတ်နှင့် အာဇာနည်နေ့ကျင်းပပုံတို့ကို ဟောပြောဆွေးနွေးခဲ့သည်။

ထို့နောက် ကျောင်းသား/ ကျောင်းသူများအား  ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးရရှိအောင် ဆောင်ရွက်ခဲ့သည့် မှတ်တမ်းဓာတ်ပုံများ၊ အာဇာနည်()ဦးတို့၏ အတ္ထုပ္ပတ္တိ မှတ်တမ်းဓာတ်ပုံများ ပါရှိသည့် အသိပညာပေး နံရံကပ်စာစောင်များ ပြသခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)