လွိုင်ကော်မြို့၌ တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ ရက်သတ္တပတ် လှုပ်ရှားမှုများဆောင်ရွက်

ကယားပြည်နယ်၊ လွိုင်ကော်မြို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်အတွင်း တိရစ္ဆာန်မွေးမြူရေးဆောင်ရွက်နေသည့် ပြည်သူများ တနိုင်တပိုင်မွေးမြူထားရှိသည့် မွေးမြူ တိရစ္ဆာန်များ ကူးစက်ရောဂါဖြစ်ပွားမှု အန္တရာယ်မှကြိုတင်ကာကွယ်နိုင်ရန်နှင့် ကူးစက်ရောဂါ ဖြစ်ပွားလာပါက ကူးစက်ပျံနှံ့မှုကို အချိန်မီထိန်းချုပ်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ မွေးမြူတိရစ္ဆာန်များ ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ရက်သတ္တပတ်လှုပ်ရှားမှုကို ယမန်နေ့ နံနက်ပိုင်းက လွိုင်ကော်မြို့ ၊ မှုံပြာကျေးရွာရှိ နွားမွေးမြူရေးခြံများ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ကျိုက်မရောမြို့နယ်တွင်၂၀၂၂ခု နှစ် မိုးစပါးစိုက်ပျိုးမှုအောင်မြင် ဖြစ်ထွန်းပြီး ကောက်စိုက်သမများလုပ်ငန်းခွင် စတင်ဝင်ရောက်

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ၂၀၂၂ခုနှစ်မိုးစပါးစိုက်ပျိုးမှုမှာ ယခင်နှစ်များက ထက်အောင်မြင်လျက်ရှိပြီး မျိုးနှုတ်၊ ကောက်စိုက်ချိန် ရာသီရောက်ရှိနေပြီးဖြစ်ရာ ယနေ့နံနက်ပိုင်းတွင် ကျိုက်မရောမြို့နယ်၊ နတ်စမ်းကျေးရွာ အုပ်စုနောင်လုံကွင်း၌ လယ်သူမများ ကောက်စိုက်လုပ်ငန်းခွင် ဝင်ရောက်နေပြီးဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းစာသင်တိုက်ရှိ သံဃာတော်များအားကိုဗစ်၁၉ကာကွယ်ဆေး Booster Dose(Covield Shield)ထပ်ဆောင်းထိုးနှံပေး

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင် ရန်အတွက် စစ်ကိုင်းစာသင်တိုက်ရှိ၊ သံဃာတော်များအား 

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ် မိုးကောင်းဆုတောင်းပြည့်စေတီတော်မြတ်ကြီး၏ နှစ်စဉ်အစဉ်လာမပျက် သြဝါဒခံယူပွဲနှင့်  ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်း​မြိုနယ်၊ မိုးကောင်းဆုတောင်းပြည့်စေတီတော်မြတ်ကြီးနှစ်စဉ် အစဉ်လာမပျက် သြဝါဒခံယူပွဲနှင့် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို  ယနေ့နံနက် ၁၀:၀၀နာရီက အမှတ်(၁၄)ရပ်ကွက်၊ မိုးကောင်းဆုတောင်းပြည့် စေတီတော်ဝန်းအတွင်းရှိ ဂေါပကရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပင်လောင်းမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း၌ ယာဉ်အန္တရာယ်ကင်းရှင်းစွာ မောင်းနှင်သွားလာနိုင်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းခန်းမ၌ ယာဉ်အန္တရာယ်ကင်းရှင်းစွာ မောင်းနှင်သွားလာနိုင်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့သည်။

ပုသိမ်မြို့တွင် မျက်စိအလင်းဒါနအလှူ ပြန်လည်ပြုလုပ်ပေး

ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ တိုက်ကြီးကျောင်းပရိယတ္တိစာသင်တိုက်တွင် နှစ်စဉ် မျက်စိအလင်းဌာနအလှူပြုလုပ်ခဲ့ရာ ယခင်နှစ်များ၌ ကိုဗစ်-၁၉ရောဂါအခြေအနေများကြောင့် မျက်စိအခမဲ့ခွဲစိတ်ပေးခြင်းကို

မိုင်းပျဉ်းမြို့၌ တိရစာ္ဆန်ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစာ္ဆန်ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၁)နာရီက ဝမ်မိုင်ကျေးရွာ၊ လားဟူနှစ်ခြင်း ဘုရားရှိခိုကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

အုတ်တွင်းမြို့နယ်၌ စာရေး ဆရာမောင်ရင့်မာ(ကျောင်းကုန်း)ရေးသားသည့် ဆရာ့ရင်မှ တေးတစ်ပုဒ် အက်ဆေးဖြင့်စာဖတ်ဝိုင်း ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း (Book Club) အဖွဲ့တို့ပူးပေါင်း၍

(၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြသ

မွန်ပြည်နယ်၊ လမိုင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းပြီး (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက်(၁၁)နာရီက လမိုင်းမြို့(ပြန်/ဆက်)ရုံး လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်သည်။

ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာရှိ သက်ကြီးဘိုးဘွားများအား အာဟာရဒါန စားသောက်ကုန် ပစ္စည်းများ ထောက်ပံ့လှူဒါန်း

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာမှ တစ်ကိုယ်တော်ပရဟိတ အကျိုးတော်ဆောင် ဦးကျော်ဆန်းက ရပ်ဝေးရပ်နီးမှ စေတနာအလှူရှင်များ၏ ပံ့ပိုးကူညီမှုဖြင့် ယနေ့နံနက်ပိုင်းက ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာရှိ ဆင်းရဲနွမ်းပါးသော သက်ကြီးဘိုးဘွားများ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် အာဟာရဒါနအဖြစ် စားသောက်ကုန်ပစ္စည်းများ သွားရောက် ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
Subscribe to