သာပေါင်းမြို့နယ်တွင် ဘုန်းတော်ကြီးကျောင်းများ၊ ဘုရား၊ စေတီ၊ သာသနိက အဆောက်အဦများ လျှပ်စစ်အန္တရာယ် ကာကွယ်ကင်းရှင်းရေး ကြည်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ဘုန်းတော်ကြီးကျောင်းများ၊ ဘုရား၊ စေတီ၊ သာသနိကအဆောက်အဦများ လျှပ်စစ်အန္တရာယ် ကာကွယ်ကင်းရှင်းရေးအတွက် ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်မှ စတင်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ဟင်္သာတမြို့နယ်တွင် တိရိစ္ဆာန်ရောဂါ ကာကွယ်ထိန်းချူပ်ခြင်းဆိုင်ရာ ရက်သတ္တပတ် လှုပ်ရှားမှုများ ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် တိရိစ္ဆာန်ရောဂါ ကာကွယ်ထိန်းချူပ်ခြင်းဆိုင်ရာ ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် ဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ ၁၁ ရက်နေ့ကစတင်၍ ဆောင်ရွက်လျက်ရှိသည်။

ရွှေတောင်စုကျေးရွာတွင် သဘာဝဘေးလျော့ပါးရေး စေတနာဝန်ထမ်း လူငယ်ဆင့်ပွား သင်တန်းအမှတ်စဉ် (၁/၂၀၂၂)ဆင်းပွဲပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ မကျည်းကုန်းကျေးရွာအုပ်စု၊ ရွှေတောင်စု ခေတ်မီစံပြကျေးရွာတွင် ဇူလိုင်လ (၁၆)ရက်နေ့ ညနေပိုင်းက လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ် ဦးစီးမှူးရုံးမှ ကြီးမှူးဖွင့်လှစ်သည့် သဘာဝဘေးလျော့ပါးရေး စေတနာဝန်ထမ်း လူငယ်ဆင့်ပွားသင်တန်း အမှတ်စဉ် (၁/၂၀၂၂) ဆင်းပွဲကျင်းပခဲ့သည်။

ငွေဆောင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း ပညာရေးမိသားစုမှ (၂၂) ကြိမ်မြောက် ဝါဆိုသင်္ကန်းကပ်လှူပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း ပညာရေးမိသားစု၏ (၂၂) ကြိမ်မြောက် ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲကို ယမန်နေ့ နံနက် ၁ဝ နာရီမှ စ၍ ဘုရားခန်း၊ မြသီတာခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

ကန်ကြီးထောင့်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် အာဇာနည်နေ့အကြောင်း အသိပညာပေး (Talk Show)ဆွေးနွေးပွဲဆောင်ရွတ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ ဇူလှိုင်လ (၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့အား ဂုဏ်ပြုသောအားဖြင့် နောင်လာနောင်သားများမှ အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းအား သိရှိစေရန် ရည်ရွယ်၍ အာဇာနည်နေ့အကြောင်း အသိပညာပေး(Talk Show) ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်က ပြည်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကန်ကြီးထောင့်မြို့၌ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲဆောင်ရွက်

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် အာဇာနည်နေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကို သိရှိနားလည်စေရန် ရည်ရွယ်၍ ကန်ကြီးထောင့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အသိပညာပေးဟောပြောပွဲကို၊ ကန်ကြီးထောင့်မြို့ အ.မ.က(မြိုသစ်) ညောင်ငူ၌ ယမန်နေ့ နံနက် ၁၁ နာရီအချိန်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မအူပင်ခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ (၇၅)နှစ်မြောက် အာဇာနည်နေ့ Talk Show ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် (၇၅)နှစ်မြောက် အာဇာနည်နေ့အကြို အာဇာနည်နေ့အကြောင်း သိကောင်းစရာ ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က မအူပင်ခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

လပွတ္တာမြို့နယ် ကျောက်မှော်ကျေးရွာ အုပ်စုဧက ၁၀၀ စံပြစိုက်ကွက် ကောက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြခြင်းကို ကျောက်မှော်ကျေးရွာအုပ်စု ဧက ၁၀၀ စံပြ စိုက်ကွက်၌ ယမန်နေ့ နံနက်(၈)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အားကစားဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် သရုပ်ပြခြင်း ဆောင်ရွက်

ကျောင်းသား၊ ကျောင်းသူများ စည်းလုံးမှုရရှိကာကျန်းမာရွှင်လန်းပြီး ဉာဏ်ရည်ထက်မြတ်စေရန်ရည်ရွယ်၍ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အ.လ.က ချမ်းမြသာမြေ ကျောင်းဝန်းအတွင်း၌ ယမန်နေ့က မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ အားကစားဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြခြင်းအစီအစဉ်ကို ဆောင်ရွက် ခဲ့သည်။

ရွှေပြည်သာမြို့နယ်၌ အသက်(၈၅)နှစ်အထက်သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို
Subscribe to